အပိုင်း(၂)

26 1 0
                                    


အသက်၁၇နှစ်အရွယ် ခင်ဟာ အခုဆိုရင်
အပျိုပေါက်လေးကိုဖြစ်လို့နေပြီ။
ထောင်ထောင်မောင်းမောင်း၊အသားဖြူဖြူ၊ မျက်ခုံးမွှေးနက်နက်လေးနဲ့ မျက်ဝန်းအညို
လေးနှင့် အတော်လေး လှလို့နေသည်။နှုတ်ခမ်းနားက မှဲ့နက်သေးသေးလေးနဲ့ ပြုံးလိုက်ရင် ပေါ်လာသောပါးချိုင့်သေးသေးလေးက
ဆွဲဆောင်မှုရှိလွန်းနေသည်။

ကျောင်းသွားလိုက် ကျောင်းကပြန်လာရင်
ဖွားဖွားရဲ့အလုပ်ကိုကူလုပ်ပေးလိုက်နဲ့ သံသရာတွေလည်နေတော့ အတော်လေးကို ငြီးငွေ့နေပြီ။ အိမ်ထဲကနေ အိမ်ပြင်မထွက်ရ၊အပေါင်းအသင်းလဲ
မထားရတဲ့ ဒီလိုဘဝမျိုးကစိတ်ကုန်ဖ်ို့ကောင်းတယ်။ဒီနေ့လဲ အိမ်မှာ ဖွားဖွားကလွဲလို့ ခင် နဲ့
အစေခံတွေပဲရှိတယ်။

အခန်းပြတင်းပေါက်ကနေ
အပြင်ဘက်ကိုကြည့်ရင်း ခြံထဲက ပန်းပင်ကို
ခူးဖို့လုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို
တွေ့လိုက်ရတယ်။ ခင်က ပန်းချစ်တဲ့သူ
တစ်ယောက်ဖြစ်ပြီး ခြံထဲက ပန်းတွေကို
ခင် ကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ အရာတွေကို တစ်ခြားသူက အလွယ်လေး ခူးမှာကို မလိုလားတာကြောင့် ခြံထဲကို အလျင်အမြန်
ပြေးဆင်းလာခဲ့လိုက်သည်။

"ဟိတ် ဒီမှာ ဒီမှာ"

ခင်ဟာ လေသံမာမာနဲ့ ထိုကောင်လေးကို
အော်လိုက်သည်။

"တောင်းပန်ပါတယ်ခင်ဗျ ပန်းခူးမလို့
အိမ်ရှင်ကိုခွင့်တောင်းမလို့ ဘယ်သူမှမတွေ့တာမလို့ မပြောမဆိုနဲ့အခုလို ခူးမိတာပါ"

"ဘယ်လိုပဲဖြစ်ဖြစ်ပါရှင် အနည်းဆုံးတော့
အိမ်ရှင်လာတဲ့အထိစောင့်သေးတယ်
ကျွန်မက ပန်းတွေကို အမြတ်တနိုးနဲ့ ပြုစုယုယတာကို တစ်ခြားသူက အလွယ်တကူ ခူးတာတော့
မကြိုက်ဘူး"

"တောင်းပန်ပါတယ်ခင်ဗျ ညီမလေးက
ဇီဇဝါပန်းလိုချင်တယ်ဆိုလို့ ခူးပေးမိတာပါ"

တောင်းပန်ပြီးပြောနေတဲ့ ထိုကောင်လေးကိုတော့ ခင်သိပ်ပြီး စိတ်မဆိုးနိုင်ပါ။
တိုင်နောက်မှာ ပုန်းနေတဲ့ သူ့ညီမလေးကို
တွေ့လိုက်တာကြောင့် စကားတွေရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ အိမ်ပေါ်တက်ဖို့သာ
ပြင်လိုက်သည်။

ဇီဇဝါလေးရဲ့ ဇာတ်သိမ်းWhere stories live. Discover now