One Short

4.3K 116 38
                                    

ဒီဇင်ဘာလရဲ့ အလွန်အေးတဲ့ နေ့လေးတစ်နေ့.....

ကျွန်မက ခင်လရိပ်ချို
15 နှစ်အရွယ်ကျောင်းသူတစ်ယောက်ပေါ့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အထက်တန်းကျောင်းတစ်ခုတွင် 15နှစ်ရွယ် ကျောင်းသူလေး သုံးယောက်က လမ်းသွားရင်းစကားပြောနေကြတယ်။

"ငါက တီချယ်တွေဆိုရင် မချစ်တက်ပါဘူးဟာ ငါကတစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်ပဲဟဲ့"

"ပိတောက်‌ေခြာက်မှ နောက်တစ်ယောက်မပြောင်းနဲ့"

"စိတ်ချ ငါလုံးဝမပြောင်းဘူး"

ကျွန်မတို့အ့လိုစကားပြောရင်း ဗိုက်စာလို့ မုန့်ဈေးတန်းဘက်ကိုသွားပြီး မုန့်ဝယ်ဖို့သွားခဲ့တယ်။

မုန့်ဈေးတန်းကိုရောက်တော့.......
မုန့်ဈေးတန်းမာ ဈေးသည်တွေက မဲလိပ်တွေရောင်းလို့ဆိုပြီး ၉ တန်းဆရာမတွေကလိုက်စစ်နေကြတယ်။

ကျွန်မကတော့ မုန့်ဝယ်နေကျဆိုင်မာ မုန့်ဝယ်ရင်း ဆိုင်က အန်တီကို

"အန်တီ အ့တာဘာဖြစ်တာလဲ သူတို့က ဘာလို့မုန့်ဈေးတန်းထဲမာလိုက်စစ်နေကြတာလဲဟင်"

"အော် မဲလိပ်တွေရောင်းလို့ ဆရာမတွေကလိုက်စစ်နေတာလေသမီး အန်တီကတော့ကြောက်လို့မရောင်းဘူး"

မုန့်ဈေးတန်းက အန်တီနဲ့ စကားပြောပြီး မုန့်ဈေးတန်းထဲက ထွက်တော့ ဆရာမတွေကိုအမှတ်မထင် ကျွန်မ လှမ်းကြည့်မိတယ်။

အဲ့ဒီထဲမာ ကျွန်မ သတိထားမိတဲ့ဆရာမနှစ်ယောက်ရှိတယ်။

အဲ့ဒီထဲကဆရာမတစ်ယောက်က ကျွန်မထက် အရပ်နည်းနည်းလေးပုပြီး မျက်မှန်အဝိုင်းလေးနဲ့အလွန်ကိုချစ်ဖို့ကောင်းတယ်။

နောက်တစ်ယောက်က အရပ်က ကျွန်မနဲ့တူတူလောက်ဖြစ်ပြီး မျက်နှာထားတည်တယ်။

ကျွန်မအ့ဒီနေ့က ချစ်မိသွားမယ်မထင်ခဲ့ဘူး။

အဲ့ဒီနေ့မှာပဲ အ့ဆရာ‌မ‌နှစ်‌ေယာက်ကိုတွေ့ချင်လို့ မုန့်ဈေးတန်းကို ၅ ခါလောက်ပတ်ခဲ့တယ်။

ကျွန်မသူငယ်ချင်းနဲ့ မုန့်ဈေးတန်းကိုပတ်ရင်း စကားပြောဖြစ်တယ်။

ချေနေတဲ့ တီချယ့်ကိုမှမြတ်နိုးရပါတယ်(one Short)Where stories live. Discover now