2.6

911 45 2
                                    

ကျောင်းဖွင့်ပြီး တစ်ရက်ပေါ့။
ပထမရက်မှာတွေ့ပင်မယ့် တီချယ်ကအလုပ်ရှုပ်နေလြိ့ မနှုတ်ဆက်ခဲ့ဘူး။
ဒီနေ့တော့နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်ခဲ့တယ်။
သူမထုံးစံအတိုင်း သိပ်ချေတာပေါ့ရှငိ။

ကျွန်မတို့က သူငယ်ချင်းသုံးယောက်မို့ ကျန်နှစ်ယောက်ကို အရင်နှုတ်ဆက်ခိုင်းလိုက်သည်။သူတို့ကို‌ောတ့ ခေါင်းညိမ့်ပြခဲ့လေတဲ့။

ကျွန်မနှုတ်ဆက်တော့ လှည့်ကြည့်ရုံသာ လှည့်ကြည့်ပြီး မည်သည့်မှကို မမူကာ တီချယ့်စာသင်ခန်းရှိသည့်အဆောင်သို့ လျှောက်သွားသည်။

ကျွန်မဖြင့် သိပ်စိတ်မကောင်းဖြစ်တာပဲ။သုံးယောက်မှာ နှစ်ယောက်ကို ပြန်လှည့်နှုတ်ဆက်ပြီး ကျွန်မကိုတော့ ပြန်၍ပင်မနှုတ်ဆက်။

အော်....
ကျွန်မတွေးလိုက်ပါသည်။
သူမက အရင်ကလဲကျွန်မအပေါ်ဒီတိုင်းပါပဲလို့။

ကျွန်မကျောင်းကိုရောက်သည်နှင့် တီချယ့်ဆိုင်ကယ်ကိုရှာမိသည်မှာအမှန်။မုန့်စားဆင်းသည်နှင့် နားနေခန်းရှေ့ရောက်နေသည်မှာလဲ အမှန်ပင်။

ကျွန်မကတော့ 3 လတိတိ လွမ်းနေခဲ့ရတာကို တီချယ့်ကတော့ ချေနေဆဲ။

ဟူး....
တစ်ခါတစ်ခါ သိပ်နာကျင်ရတာပဲ...
တီချယ်ဖြစ်နေလြိ့ နာကျင်စရာတွေကြိလဲ အပျော်ဟုသာသတ်မှတ်ပြီး ဆက်လက်ချစ်နေဆဲ။

-----
ဒါနဲ့ ကျွန်မ ရေးသည့်စာများက အမှတ်တရရေးသည်မှားသာ fiction မဟုတ်ကြောင်း✓

ချေနေတဲ့ တီချယ့်ကိုမှမြတ်နိုးရပါတယ်(one Short)Where stories live. Discover now