မိုးကုန်လို့ ဆောင်းရာသီအကူးပေါ့။
အောက်တိုဘာလ၏ ဒုတိယအပတ်၏ပထမဆုံးနေ့။ထိုနေ့က တနင်္ဂနွေနေ့ကျတယ်။
စိတ်ကူးနဲ့လက်တွေ့ဟာကွာခြားနေခဲ့၏။
ထိုနေ့ဟာ ကျွန်တော် ချစ်လှစွာသောအမျိုးသမီး၏ မွေးနေ့ပေါ့။သူ့မွေးနေ့မှာ ပေးချင်လွန်းတာမို့ လပေါင်းများသွာရတဲ့မုန့်ဖိုးကိုစုခဲ့တာ။
ပန်းစည်းပေးဖို့ဆို ပန်းတွေရဲ့အဓိပ္ပယ်ကိုလဲသိရဦးမှာကိုး။ဆိုတော့ နှင်းဆီပန်းလေးတွေရဲ့အဓိပ္ပယ်ကိုရှာဖတ်မိရင်း နှင်းဆီ ၁၂ ပွင့်ရဲ့ အဓိပ္ပယ်ကိုတွေ့တယ်။Can U Be mine တဲ့လေ။
ဒါနဲ့ နှင်းဆီဖြူ ၁၂ပွင့်ရဲ့အလည်မှာ ချစ်တယ်သုိ့ မြင်မြင်ခြင်းအချစ်လို့ အဓိပ္ပယ်ရတဲ့ နှင်းဆီနီတပွင့်ကိုလဲ ထည့်ပေးလိုက်သေးတယ်။
ကျွန်တော်လဲ လက်ခံမယ်ထင်ခဲ့ပေမယ့် သူမဟာ သူမပါပဲ မာနကြီးစွာ လက္မခံခဲ့ပါဘူး။ကျွန်တော်အရဲတင်းကာ ဖုန်းဆက်ခဲ့ပါတယ်။ဘာလို့လက်မခံတာလဲဆိုတော့
ကျွန်တော်ကသူ့ကိုနှောက်ယှက်တယ်။သူ့အတွက်ကျွန်တော်ဟာ အနှောက်အယှက်တစ်ခုတဲ့။
ရှိသမျှသတ္တိကိုစုကာ ကျွန်မ ဆရာမကို ဖွင့်ပြောလိုက်ပါတယ်။
ကျွန်တော်သဘောကျနေတာကိုသိလား ဆိုတော့
မသိဘူး စိတ်မဝင်စားဘူးတဲ့။မိန်းကလေးချင်းကြိုက်တာနဲ့ပတ်သက်ပြီးသူ့ဘက်က ဘာကိုမှမပြောပေမယ့် အဓိကဖြစ်နေတဲ့ အသက်အရွယ်။
သမီးအမေအရွယ်လောက်ရှိတယ်တဲ့ ဆရာမကိုစော်ကားနေတာပဲတဲ့။
အ့ဒီ့နောက်ပိုင်းကစလို့ ကျွန်တော်တို့ရဲ့ အေးစက်နေတဲ့ဆက်ဆံရေးဟာ ပိုလို့ပင် အေးစက်သွားသည်ကိုခံစားမိသည်။
တစ်ခုရှိတာက ကျွန်တော်တို့နှစ်ယောက် အပြင်ပန်းမှာ အေးစက်နေတယ်လို့ ထင်နေရသော်ညား အချို့နေရာတွေမှာ နွေးထွေးဆဲပါ။
ကျောင်းဖွင့်တဲ့ကာလပတ်လုံး အကြည့်ချင်းမဆုံတဲ့ မနက်ခင်းဆိုတာမရှိသလို ကျွန်တော်တို့ မျက်နှာချင်းဆိုင်မတွေ့တဲ့ မနက်ခင်းဆိုတာမရှိသလောက်ရှားပါးလွန်းခဲ့တယ်။
အကြည့်ချင်းဆုံတိုင်း သူ့ဘက်က အရင်လွဲတာမျိုးရှိသလို ကျွန်တော့်ဘက်ကလွဲတာမျိုးလဲရှိပါတယ်။
တခါတခါ ကျောင်းစုဝေးသဘင်ရှိတဲ့ ရက်္မျိုးမှာဆို သူတို့အဆောင်အောက္မှာ အစမ်မတီကွင်းရှိတာဖြစ်သည့်အတွက် အပေါ်ထပ်ကနေလဲ အမြဲလိုလို ကျွန်တော်တို့တွေကိုကြည့်နေလေ့ရှိပါတယ်။အ့လိုအချိန်တွေဆို ပိုလို့ပင် အကြည့်ချင်းစုံပါသေးသည်။
YOU ARE READING
ချေနေတဲ့ တီချယ့်ကိုမှမြတ်နိုးရပါတယ်(one Short)
Romance"ဒီလူကလေ ကိုယ့်အပေါ်စိမ်းကားပြီး ရက်စက်လွန်းနေရင်တောင် ခများအပေါ်အပစ်မမြင်ရက်ပါဘူး"