" တစ်ဆိတ်လောက်ပါ နည်းနည်းလောက်လမ်းဖယ်ပေးပါဗျ "
လူကြပ်နေတဲ့ ကော်ရစ်တာတစ်လျှောက်
ဂျီဟွန်းဟာ လွယ်ထားတဲ့ ဂစ်တာအိတ်ကို လက်နှစ်ဖက်နှင့်ကိုင်ရင်း တွန်းတိုက်သွားနေသည်။ လမ်းလျှောက်နေသည်ဆိုတာထက် ကျဉ်းကျဉ်းကျပ်ကျပ် ပြေးနေသည်ဆို ပိုမှန်လိမ့်မည်။ ကော်ရစ်တာ ထောင့်ချိုးတစ်လျှောက် ပြေးပြီး အခန်းတစ်ခုရှေ့ရောက်တဲ့အခါ ဂျီဟွန်းရဲ့ခြေလှမ်းတွေဟာ ရပ်တန့်သွားသည်။ ပခုံးကနေလျှောကျနေတဲ့ဂစ်တာအိတ်ကို ဆွဲတင်လိုက်ရင်း ပြူတင်းပေါက်တစ်ခုရဲ့ အကွယ်လေးမှာ ကပ်ရပ်နေလိုက်သည်။
နေ့စဉ် လုပ်နေကျအလုပ်တစ်ခုမှာ ဂျီဟွန်းဟာ အတော်လေးကျွမ်းကျင်နေပြီဖြစ်သည်။ အရင်နေ့တွေကလိုပဲ ဒူးကိုအနည်းငယ်ကွေးကာ ပြူတင်းပေါက်ကနေ အခန်းထဲကိုကြည့်တော့ သူ့မြင်ကွင်းထဲ တန်းရောက်လာသည်က သူ့ရဲ့ ကောင်းကင်ပြာလေး ။ဟုတ်သည် ။ ရောင်စုံဆေးတွေပေနေတတ်တဲ့ လက်ကလေးတွေကို ချစ်မိလို့ စီးပွားရေးမေဂျာနဲ့ အတော်လေးလှမ်းတဲ့ ပန်းချီဆောင်ကို မနက်ဆယ်နာရီတိုင်းပြေးခဲ့တာ ဒီနေ့နဲ့ဆို ရက်သုံးဆယ်။ ပန်းချီဆောင်ထဲက စုတ်တံကိုင်တဲ့ လက်ကလေးတွေကိုမှ စွဲလမ်းမိတော့ မောသည်ပန်းသည်ဆိုတာလဲ မသိနိုင်တော့ပါ ။နေ့တိုင်း ဂစ်တာအိတ်တစ်လုံးလွယ်ကာ လူကြားထဲ တွန်းတိုက်ပြေးခဲ့သည်။
ဂျီဟွန်းနှင့် သူ့ကောင်းကင်ပြာလေးရဲ့ တွေ့ဆုံမှုက ကဗျာဆန်ဆန်လေး။အနုပညာမေဂျာရဲ့ လှေကားခပ်ကျဉ်းကျဉ်းမှာ ဆွယ်တာအပြာလေးနဲ့ကောင်လေးတစ်ယောက်က သူ့ဂစ်တာအိတ်ကို ဝင်တိုက်ခဲ့ခြင်းကနေ စတာပဲ။ အရှိန်တွေလွန်ပြီး ပျက်သွားတဲ့ခြေလှမ်းတွေထိန်းဖို့ ဆွဲမိဆွဲရာ လှမ်းဆွဲခဲ့သူလေးက တစ်ကယ်ဆွဲခဲ့တာ သူ့လက်ကို ဆိုပေမဲ့ အတည်ပါသွားတာက ဂျီဟွန်း နှလုံးသား ။
ပါးလေးတွေက တိမ်တိုက်လေးတွေလိုပဲ...။
မျက်ဝန်းတွေထဲမှာကျ ကောင်းကင်ကြီးတစ်ခုလုံး ။ ဂျီဟွန်းက အဲ့ဒီ့နေ့ထဲက ကောင်းကင်ပြာထဲ ပစ်ဝင်ပြီး ချစ်လိုက်တာ လှေကားထစ်တွေမှာ ကျကျန်ခဲ့တဲ့ ရင်ခုန်သံတွေက သက်သေပဲ...။
YOU ARE READING
ကောင်းကင်ပြာပြာ [ JIKYU ]
Fanfictionဆေးစက်တွေနဲ့ ဂစ်တာလေးတစ်လက် အခန်းထောင့်မှာ ရှိတယ်။ ရေမခြောက်သေးတဲ့ ထီးလေးတစ်လက်လည်း အဆောင်ရှေ့က တန်းလေးမှာ ချိတ်ထားတုန်းပဲ။ အရာရာဟာ သူ့နေရာနဲ့သူ အတည်တကျပါပဲ။ ဒါပေမဲ့ ပန်းချီကားလေးတစ်ချပ်တော့ပျောက်နေတယ်။ ဘယ်ဆီကိုများ ရောက်နေသလဲကွယ်...။ Start - 2.1.23...