ဇာတ်သိမ်းပိုင်း

444 52 23
                                    

နှလုံးသားမှာတည်တဲ့ ကောင်းကင်လေးတစ်ခု
ရှိတယ်။
တိမ်စိုင်တွေကို လွတ်ထွက်သွားတော့မယ်အမှတ်နဲ့ အိပ်မက်တွေထဲမှာ ဖမ်းဆုပ်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့ဖူးသေးတယ်။

........................................................................

ဂျီဟွန်း စာကြည့်ခန်း ခုံမှာထိုင်ရင်း ကင်မ်ဂျွန်ဆီက နောက်ဆုံးမက်ဆေ့ခ်ျလေးကို ထပ်ခါ ထပ်ခါဖတ်နေမိသည်။ တက္ကသိုလ်ကနေ အိမ်ပြန်ပြီး ရက်အနည်းငယ်ကြာတဲ့အထိ ကင်မ်ဂျွန်နဲ့သူ ညတိုင်း မက်ဆေ့ခ်ျတွေပို့ရင်း စကားပြောဖြစ်ကြသည်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကင်မ်ဂျွန်က သူ့ဆွေမျိုးတွေရှိရာ နယ်ဘက်ကို သွားရမှာမို့ ရက်ပိုင်းအဆက်အသွယ်မရှိရင် စိတ်မပူဖို့ ပို့ထားတဲ့ စာလေးဟာ နောက်ဆုံးပဲ ။
ကောင်းကင်ပြာလေးကို လွမ်းလွန်းတာမလို့ ဂျီဟွန်းက ပန်းချီဆောင်ရှေ့မှာ သူတို့နှစ်ယောက်တူတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုသာ တစိမ့်စိမ့်ကြည့်နေမိသည်။
ဂျီက ဂစ်တာအိတ်လေးကို လွယ်ထားပြီး ကင်မ်ဂျွန်က သူ့ဘေးမှာ မတ်တပ်ရပ်ကာ သူ့ဘက်ကို ခေါင်းလေးစောင်းပြီး မျက်လုံးတွေမှိတ်‌တဲ့အထိ ရယ်နေတဲ့ပုံလေး ။

လွမ်းလိုက်တာ...။ အဆောင်ပြန်ရောက်ရင်တော့ ကောင်းကင်လေးကို ချုပ်ပြီး အဖြေပြန်တောင်းပစ်လိုက်တော့မယ် ။ ဓာတ်ပုံအဖြူလေးကို အင်္ကျီအိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်ကာ ဂျီဟွန်း ပြက္ခဒိန်ပေါ်က ရက်စွဲကို ဘောပင်နဲ့ တစ်ချက်ခြစ်လိုက်သည်။ မှင်ရောင်တွေခြစ်ထားတဲ့ နေ့စွဲများစွာရဲ့နောက်မှာတော့ တက္ကသိုလ်တွေပြန်ဖွင့်ရန် တစ်လတိတိသာ လိုတော့လေသည် ။
..............................................................................

နယ်အသီးသီးကနေ အဆောင်ပြန်လာကြတဲ့ ကျောင်းသားများနှင့်အတူ တက္ကသိုလ်အဆောင်ဝန်းလေးဟာ ဆူဆူညံညံရှိလှသည် ။ ဘေးအဆောင်က သူငယ်ချင်းတစ်ချို့ နှုတ်ဆက်သည်ကို ပြန်နှုတ်ဆက်လိုက်ရင်း ဂျီဟွန်း 00အဆောင်ခန်းလေးထဲသို့ ဝင်ခဲ့လိုက်သည်။ အပြာရောင် အငွေ့အသက်တွေပြည့်တဲ့ ဒီအဆောင်ခန်းလေးဟာ ဂျီဟွန်းအတွက်တော့ အနွေးထွေးဆုံးအိမ်ပဲ ။ ဂစ်တာအိတ်ကို ချကာ
ကင်မ်ဂျွန့်ဆီကို မက်ဆေ့ခ်ျတစ်စောင် လှမ်းပို့လိုက်သည်။

ကောင်းကင်ပြာပြာ  [ JIKYU ]Where stories live. Discover now