တက္ကသိုလ် ဒုတိယနှစ်မှာ ကျွန်တော်တို့ အဆောင်တူတူပြောင်းနေခဲ့ကြသည် ။
အခန်းနံပါတ်00 ဆိုတဲ့ အဆောင်ခန်းလေးဟာတက္ကသိုလ်ရဲ့ မနီးမဝေးမှာပါပဲ ။" ကင်မ်ဂျွန် ဆေးဘူးတွေ လာသိမ်းဦး ငါတိုက်မိလို့ မှောက်ကျကုန်တော့မယ် "
လာသိမ်းဦး လှမ်းပြောနေသူက အမှန်တော့ လက်ကနေ အကုန်သိမ်းနေပြီးပြီ ။ ဟိုတစ်စ ဒီတစ်စနဲ့သူ့အိပ်ယာပေါ်အထိပါ နယ်ချဲ့လာတတ်တဲ့ ဂျွန်ဂယူ ပန်းချီပစ္စည်းတွေကို လိုက်သိမ်းပေးရတာ နေ့စဉ်အလုပ်တစ်ခုလိုပဲ ။
" ဂျီ ဟိုနေ့က ဝယ်ထားတဲ့ စတော်ဘယ်ရီတွေရော ရေခဲသေတ္တာထဲမှာ ငါထည့်ထားတာ မရှိတော့ဘူး"
" စတော်ဘယ်ရီတွေက မနက်က မင်း ကျောင်းမသွားခင် စားတယ်လေ ကုန်ပြီလေ ကင်မ်ဂျွန် "
" အာ ဟုတ်သားပဲ ငါ့မေ့သွားတာ ဟီးဟီး "
" ဂျီ ငါ့ကို ဂီတာတီးသင်ပေးဦး "
မုန့်စားစရာမရှိတော့တဲ့ ကင်မ်ဂျွန်ဟာ အာရုံပြောင်းကာ ဂစ်တာဘက်ကိုလှည့်လာပြန်သည်။
" နောက်နေ့မှ နောက်နေ့မှ "
" မရဘူး ငါဒီနေ့သင်ချင်တာဂျီ မင်းရဲ့နောက်နေ့တွေက များနေပြီ "
ဂစ်တာကို မသင်ပေးချင်တာ မဟုတ် ။ ဟိုးတလောက သင်ပေးတုန်းက ဂျွန်ဂယူ လက်ဖဝါး နုနုလေးတွေ ရဲပတောင်းခတ်သွားလို့ အဲ့တည်းက ဂီတာတီးတာကို မသင်ပေးတော့တာ ။
အသေးအဖွဲ့လေးကအစ ထိခိုက်ရင် ပတ်ဂျီဟွန်းမှာ အရူးမီးဝိုင်းလိုပဲ ။ ဒါကို ဒီအဆိုးလေးက ဘယ်တော့မှ နားလည်နိုင်မှာပါလဲ ။" မင်းလက်တွေ နုနုလေးတွေလေကွာ ပွန်းပဲ့လို့ ပန်းချီမဆွဲနိုင်ရင် ဘယ်လိုလုပ်မလဲ "
" ဂီတာတီးလို့ လက်နာရုံနဲ့ ပုံမဆွဲနိုင်မဖြစ်ပါဘူး ဂျီရာ ငါလဲ ယောက်ျားလေးပါကွ "
" မင်းဘာမှမဖြစ်ပေမဲ့ ငါဖြစ်တယ် မရဘူး "
ယတိပြတ်ဖြတ်ချလိုက်ကာ ငြင်းတော့ ပန်းချီဆရာလေးက သူ့ကိုခြေဆောင့်ပြီး မျက်စောင်းထိုးသွားသည်။ မဆီမဆိုင် ဂျီဟွန်း ခုတင်ထောင့်က ဂီတာကိုလဲ တစ်ချက်ရိုက်သွားသေးသည်။
နားကြပ်ကိုတပ် စောင်ပုံထဲဝင်သွားကာ လုံးလုံးလေး စိတ်ကောက်တော့သည်။
YOU ARE READING
ကောင်းကင်ပြာပြာ [ JIKYU ]
Fanfictionဆေးစက်တွေနဲ့ ဂစ်တာလေးတစ်လက် အခန်းထောင့်မှာ ရှိတယ်။ ရေမခြောက်သေးတဲ့ ထီးလေးတစ်လက်လည်း အဆောင်ရှေ့က တန်းလေးမှာ ချိတ်ထားတုန်းပဲ။ အရာရာဟာ သူ့နေရာနဲ့သူ အတည်တကျပါပဲ။ ဒါပေမဲ့ ပန်းချီကားလေးတစ်ချပ်တော့ပျောက်နေတယ်။ ဘယ်ဆီကိုများ ရောက်နေသလဲကွယ်...။ Start - 2.1.23...