23th,July 2005
"ဂျွန်က ကျူးလစ်ပန်းတွေကိုသဘောကျတာလား"
"ဟုတ် ကျွန်တော်ကကျူးလစ်ပန်းတွေကိုသိပ်ကြိုက်တာလေ သူတို့ကလှတယ် ပြီးတော့......
အဖြူရောင်ကျူးလစ်တွေကိုအကြိုက်ဆုံးဘဲ"အဖြူရောင်ကျူးလစ်ပန်းအားကိုင်ဆောင်ထား
ရင်းဖြေလာသောကလေးငယ်သည်ချစ်စရာအတိ။"ဘာလို့လဲ"
"ဒီအတိုင်း.....
အဖြူရောင်တွေမို့လို့""ဒါဆို ကိုကိုက ကြီးလာရင်ဂျွန့်အတွက်ကျူးလစ်ပန်းတွေအများကြီးစိုက်ပြီးလက်ဆောင်ပေးမယ်"
"တကယ်လား အဖြူရောင်တွေအများကြီးလား"
မျှော်လင့်ချက်ရောင်ခြည်များဖြင့်မေးလာသောကလေးငယ်သည် ကြယ်များစုဝေးနေသယောင်ထင်ရသည့်
မျက်ဝန်းဝိုင်းဝိုင်းလေးများပိုင်ဆိုင်ထားသည်။"အင်း"
"ရေးး ကိုကိုအကောင်းဆုံး"
"ဒါဆို ကိုကိုကကောင်းရင်ကိုကိုနဲ့ ကျူးလစ်ပန်း
ဘာကိုပိုသဘောကျလဲ "အကျပ်ရိုက်သွားပုံရသည့်ကလေးငယ်သည်
မျက်ဆံလေးများဘယ်၊ညာရွေ့ကစားနေပြီး
မထင်မှတ်ထားသောအဖြေတစ်ခုအားထဖြေလေတော့သည်။"ဟင် ကိုကို....
ကိုကိုကကျွန်တော့်ရဲ့အဖြူရောင်ကျူးလစ်ပန်းလေးလေ
အတူတူဘဲသဘောကျတယ်""ဂျွန်ကငလည်လေးကွာ ဟား ဟား"
"မရယ်ပါနဲ့ ကျွန်တော်ကတကယ်ပြောတာကို"
"ဟုတ်ပါပြီ အခုတော့ကိုကိုအိမ်ပြန်ရတော့မယ်
တာတာ့ဂျွန်""ဟင် ပြန်တော့မလို့လား"
"နေစောင်းနေပြီလေကွာ ကိုကိုကဒီပန်းခင်းထဲမှာ အိပ်ရမှာလား"
ညိုးငယ်သွားသောမျက်နှာလေးဖြင့်
"အဲ့ဒါဆိုလည်း တာတာ့ပါကိုကို"
"ကိုကိုနောက်နေ့လာအုံးမယ်လေ
ဘယ်လိုဖြစ်တာလည်း....... ယောက်ျားလေးဆိုတာမျက်ရည်ကျလို့ရတယ်
ဘာမဟုတ်တာလေးနဲ့တော့ မငိုရဘူးနော်ဂျွန်""ဟုတ်.."
ထွက်သွားခဲ့သောကျောပြင်လေးအားကြည့်ရင်း
ငိုချင်လာသည် ။
အရင်ကလည်းဒီအချိန်ဆိုအိမ်ပြန်နေကျကို
အခုတစ်ခါတွင်မူ ဂျွန့်စိတ်ထဲဘာလို့မှန်းမသိ...၊
YOU ARE READING
JEON's Tulips
Fanfiction''အဖြူရောင်ကျူးလစ်ပန်းတွေရဲ့အဓိပ္ပာယ်က..... ရိုးသားစင်ကြယ်ခြင်း''တဲ့ ''ကိုကိုကမင်းအကြိုက်ဆုံးအဖြူရောင်ကျူးလစ်လေး မဖြစ်နိုင်တော့ဘူးထင်တယ် ဂျွန်'' JEON JUNGKOOK × PARK JIMIN KIM TAEHYUNG ×JUNG HOSEOK