ထိုနေရာကနေဒေါသတကြီးထွက်လာပြီး ရောက်ရာနေရာပြေးလွှားနေမိသည်။
နေပင်အတော်စောင်းနေပြီမို့ အရာရာဟာမှုန်ဝါးဝါး..........*ဘာလို့လဲ ဘာလို့အခုမှပေါ်လာရတာလည်းခင်ဗျားရယ်*
၁၈နှစ်အရွယ်ကောင်လေးသည်
ပြေးလွှားနေရင်းမျက်ရည်များကျလာကာ
လမ်းမတစ်နေရာထက် ထိုင်ငိုတော့သည်။မလွယ်ကူခဲ့ပါဘူး။
ငယ်ငယ်ထဲစွဲလမ်းခဲ့တဲ့ ကျူးလစ်အဖြူရောင်လေးက
နှလုံးသားပေါ်ကအနက်ရှိုင်းဆုံးရခဲ့ရတဲ့ဒဏ်ရာရဲ့ အဓိကဖြစ်နေတာကို........
ချစ်ရသူကိုမမေ့နိုင်အောင်ချစ်ခဲ့ရပေမယ့်
မေ့မရနိုင်အောင်ဘဲ မုန်းခဲ့ရတဲ့ကျွန်တော့်အတွက်လည်း တကယ်ကိုခက်ခဲခဲ့တာပါ။ငိုလို့ဝသွားတော့မှ ပတ်ဝန်းကျင်ကိုကြည့်မိချိန်တွင်
တကယ့်ဒုက္ခကစသည်။
ဝမ်းနည်းပြီးပြေးထွက်လာမိသည်ကိုသာသိသည်
ဘယ်နေရာတွေရောက်ပြီးဘယ်နေရာတွေပေါက်မှန်း မသိတော့......
ဆွန်းဝူကိုဖုန်းဆက်ရအောင်လည်းကျောပိုးအိတ်ထဲ ဖုန်းကမရှိ.......
ဆွန်းဝူအိတ်ထဲပါသွားပုံရသည်။*အမြဲငါပဲ ကံဆိုးနေရတာထင်တယ်*
"ဟက်.."
"ဘယ်ထိတောင်ငါ့အပေါ်ဆိုးနိုင်မလည်း
သောက်တလွဲကံတရားရယ်""ရောက်ချင်ရာရောက်ကွာ"
ညရောက်ပြီမို့မှောင်နေသော်လည်း
လမ်းဘေးစျေးဆိုင်များ ကော်ဖီဆိုင်များရှိသဖြင့်
လုံလောက်သောအလင်းရောင်ရှိနေသေးသည်။
လမ်း၌တွေ့သောလူတစ်ချို့အားအကူအညီတောင်းကာ ဆွန်းဝူကိုဖုန်းဆက်ပြီးလာခေါ်ခိုင်းမည်ဟုတွေးပြီး လူတစ်ယောက်ကိုအကူအညီတောင်းရန်ပြင်လိုက်စဉ် ပလက်ဖောင်းဘေးသို့ထိုးရပ်လာသော
အနက်ရောင်ပြိုင်ကားကြောင့်တစ်ချက်ကြောင်သွားရသည်။*ဘာလဲဟ ဒီကား*
စိတ်ထဲ၌ညည်းတွားမိသော်လည်း ကိုယ်နဲ့မဆိုင်သည်မို့မသိသလိုနေလိုက်သည်။
ထိုစဉ်ပြိုင်ကားပေါ်မှဆင်းလာသောအမျိုးသားသည်"ဟေ့ ဟေ့ကောင်"
"ဘာ ဘယ်သူ ငါ့ကိုခေါ်တာလား"
YOU ARE READING
JEON's Tulips
Fanfiction''အဖြူရောင်ကျူးလစ်ပန်းတွေရဲ့အဓိပ္ပာယ်က..... ရိုးသားစင်ကြယ်ခြင်း''တဲ့ ''ကိုကိုကမင်းအကြိုက်ဆုံးအဖြူရောင်ကျူးလစ်လေး မဖြစ်နိုင်တော့ဘူးထင်တယ် ဂျွန်'' JEON JUNGKOOK × PARK JIMIN KIM TAEHYUNG ×JUNG HOSEOK