feb14,2014
"ဂျီ.....ဂျီမင်းရှီး"
" ဟင် ဂျွန်"
"ထိုင်လို့ရမလား"
"ထိုင်လေဂျွန် ဒီမှာထိုင်"
ဒီနေ့လည်းခါတိုင်းနေ့ များလိုပင် ဂျွန်တို့ကျောင်း၏ရှေ့က ကော်ဖီဆိုင်တွင်ထိုင်ရင်း
သူ့အား လာငေးကြည့်ဖို့စောင့်နေရာ
ဂျွန်ကအရှေ့တည့်တည့်သို့ရောက်လာချေပြီ*မောင်းထုတ်ဦးမှာလားဂျွန်.....
ဒီတစ်ခါမင်းထပ်ပြီးရက်စက်မယ်ဆိုရင်တော့ ကိုကိုအဝေးကိုထွက်ပြေးမိမယ်ထင်တယ်*ဂျွန်သည်သူ့ရှေ့ကငြိမ်သက်နေသောကိုကို့အားကြည့်ရင်း တွေဝေနေမိသည်။
*ကိုကိုဘာလို့ဘာမှမပြောတာလဲ
ငါနဲ့ဒီလိုတွေ့ရတာကို မကြိုက်လို့လား
ငါ့ကိုမချစ်တော့တာများလား
မဟုတ်လောက်ပါဘူး နေ့တိုင်းလာချောင်းနေတဲ့ဟာကို ငါတွေ့တာပဲ*"ဘာလို့လဲ ဘာအဆင်မပြေတာရှိလို့လဲ"
"ဘာ ...ဘာမှမဟုတ်ပါဘူး ကိုကိုအံ့ဩသွားလို့ပါ"
"ဘာကအံ့ဩစရာရှိလို့လဲ"
"ဂျွန်လာမယ် မထင်ထားလို့လေ"
"အဲ့ဒါက အဟမ်း....
လာချင်လို့လာတာမဟုတ်ပါဘူးနော် ဒီတိုင်းတစ်ယောက်တည်း ပျင်းလို့""ဟင် ဂျွန့်သူငယ်ချင်းတွေကရော"
"ဒီနေ့ကချစ်သူများနေ့လေ အဲ့ကောင်တွေကသူတို့ရည်းစားတွေနဲ့ ဒိတ်နေကြပြီ"
"အော် ဟုတ်သား
ဒီနေ့ကချစ်သူများနေ့ပဲ ကိုကိုကမေ့နေတာ ""အွန်း"
"ဒါနဲ့ ဂျွန့်မှာရော ဒိတ်စရာရည်းစားမရှိဘူးလား"
အသံသေးသေးလေးဖြင့်မေးလာသောကိုကိုသည်တကယ့်ကိုချစ်စရာ
"အခုတော့မရှိပေမယ့် နောက်ကျရင်တော့မပြောတတ်ဘူး"
"ဟို....ကြိုက်နေတဲ့သူရှိလို့လား"
သိချင်စိတ်တစ်ဝက် စိုးရိမ်ခြင်းကတစ်ဝက်မို့ဂျီမင်း၏မျက်နှာလေးသည် တစ်မျိုးတစ်မည်လေးဖြစ်လို့နေ၏
ဂျွန်သည်အသည်းယားလာသော်လည်း ဆက်ဟန်ဆောင်နေလိုက်သည်။
"ကြိုက်နေတဲ့သူတော့မရှိဘူး ချစ်နေတဲ့သူတော့ရှိတယ်"
YOU ARE READING
JEON's Tulips
Fanfiction''အဖြူရောင်ကျူးလစ်ပန်းတွေရဲ့အဓိပ္ပာယ်က..... ရိုးသားစင်ကြယ်ခြင်း''တဲ့ ''ကိုကိုကမင်းအကြိုက်ဆုံးအဖြူရောင်ကျူးလစ်လေး မဖြစ်နိုင်တော့ဘူးထင်တယ် ဂျွန်'' JEON JUNGKOOK × PARK JIMIN KIM TAEHYUNG ×JUNG HOSEOK