part 1

359 14 7
                                    

Uni code

တိတ်ဆိတ်ခြောက်ကပ်လွန်းတဲ့လပြည့်ညအိပ်မောကျနေတဲ့ဂျိုဆွန်းမြို့လေးအလွန်တောအုပ်ထဲကအကိုင်းအခက်တွေဝေဆာနေတဲ့အုံ့ဆိုင်းမြင့်မားလွန်းတဲ့အပင်ကြီးထိပ်ဖျားနားကသစ်ကိုင်းပေါ်ထိုင်နေတဲ့လူတစ်ယောက်ဟာအဝေးတနေရာကိုငေးကြည့်နေလေရဲ့။တိမ်ကင်းစင်နေတဲ့လမင်းကြီးရဲ့ဘေးမှာတလက်လက်နဲ့တောက်ပနေတဲ့ကြယ်လေးတွေကထိူလူသားရဲ့ပါးထက်ကမှဲ့ခြောက်လေးတွေအတိုင်းလှပနေလေသည်။
အသက်မဲ့စွာငေးကြည့်နေရင်းမြင်ကွင်းထဲကမှိန်ပြပြမီးအလင်းရောင်လေး အမှောင်ကျသွားတဲ့ အခိုက်အတန့်မှာတော့

''အိမ်မက်လှလှမက်ပါစေ ဟွမ်''

ထိုသူ့နှုတ်ဖျားမှ ထွက်လာသော မတိုးလွန်းမကျယ်လွန်းတဲ့ သြရှရှအသံလေးကိုတော့ ဂျိုဆွန်းပြည်ရဲ့ ဂုဏ်ရှိန်ဝါကြီးမားလှသော အိမ်ရှေ့စံမင်သားလေးဟွမ်က ကြားနိုင်မယ်မထင်....အကယ်၍များ ကြားခဲ့သည်ရှိခဲ့ရင်တောင် သူပြန်လက်ခံရရှိမှာက သူ့ကိုရွံရှာ်ာမုန်းတီးတဲ့ အေးစက်စက်အကြည့်တွေရယ် လူသတ်နိုင်သောဓားသွားလို စကားလုံးတွေ မျှသာ...။

''အဟက်''

ခြောက်ကပ်ကပ်ရယ်သံက ဝမ်းနည်းနာကျင်မှုတွေပြည့်နှက်နေတဲ့ မျက်ဝန်းကို ပြည့်ဝအောင်မဖုံးကွယ်နိုင်ချေ။ ဖြောင့်စင်းနေသောနာတံ ၊ လှပလွန်းတဲ့မျက်ဝန်းတစ်စုံ ၊ရဲတောက်နေတာမျိုးမဟုတ်ဘဲ ဆေးကူစရာမလိုတဲ့ ပန်းသွေးရောင်နှုတ်ခမ်းဖူးဖူး လေးကမဲ့ပြုံးပြုံးနေတာတောင် ကြည့်ကောင်းလွန်းနေသည်။နက်ပြာရောင်နှင့်အဖြူရောစပ်ထားသော ဝတ်စုံအပေါ်မှာ အနက်ရောင်ခြုံထည်ကို လွှမ်းခြုံထားပြီး လက်တဖက်ရှိ လှပသေသပ်စွာ ရေးဆှဲထားသောခယြျရီပနျးပုံ ခေါက်ယပ်တောင်ကိုပိတ်လိုက်ဖွင့်လိုက် လုပ်နေရင်း အတွေးကမ္ဘာထဲရောက်နေသူမှာ နတ်ဘုရားတပါးအလား ကိုးကွယ်ချင်စရာအတိ။ထိုသူမှာအခြားမဟုတ် ဂျိုဆွန်းဘုရင်မင်းကြီး၏ အတိုင်ပင်ခံအမတ်ချုပ်ကြီးအီရဲ့ တဦးတည်းသောမြေး အီယုံးဘုတ်သာ ဖြစ်သည်။ လူမှန်းသိတတ်ကာစမှာပင် သိုင်းပညာကိုသင်ယူတတ်မြောက်ပြီး ဂျိုဆွန်းတွင်သူနဲ့ယှဥ်နိုင်သူမရှိလောက်အောင် ကျွမ်းကျင်ရုံသာမက အဘိုးဖြစ်သူဆန္ဒအရ အသက်၁၅နှစ်အရွယ်မှစ၍ အနောက်နိုင်ငံသို့ပညာတော်သင်သွားဖူးခဲ့သည်မို့ အနောက်နိုင်ငံရဲ့ဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်သူဖြစ်သည်။ အနောက်နိုင်ငံမှာ အချိန်အတော်အသင့်ကြာအောင် နေခဲ့ဖူးသည်မို့ ခေတ်မီသည်ဟုဆိုရမလား နဂိုကတည်းကထုံးတမ်းအစဥ်အလာတွေကို သိပ်အလေးမထားပဲအရွဲ့တိုက်နေသည့်သူမလို့လားတော့မသိ သာမန်ဂျိုဆွန်းအမျိုးသားတစ်ယောက်လို ဆင်ယင်ထုံးဖွဲ့မှုမျိုးသူ့မှာမရှိချေ။ ဂုတ်ထောက်ထိသာရှည်သော ဆံသားဝါဝါလေးများနှင့် များစွာသောနားပေါက်များမှာလည်း အရောင်အသွေးပုံစံမတူတဲ့ နားဆွဲအဆင်တဆာများ ဆင်ယင်ထားသေးသောကြောင့် သာမန်အထက်တန်းစား သခင်လေးများအလယ်မှာ ကွဲထွက်ကာတမျိုးဆန်းနေသော်လည်း ချောမောလွန်းသောရုပ်ရည် နှင့်ခြားနားစွာ ရက်စက်တတ်သောနှလုံးသားကိုလည်း အဘိုးဆီမှအမွေဆက်ခံ ထားရှိသူဖြစ်သည်။သူ့အကျိုးအမြတ်ရရှိဖို့အတွက်ဆိုရင် မည်သူ့ကိုမှသနားကြင်နာခြင်းမရှိ သူ့လမ်းတွင်လာရှုပ်သူမှန်သမျှ၏ သွားရာလမ်းမှာ သေလမ်းတစ်ခုသာရှိသည်။

How you love to hate meWhere stories live. Discover now