Uni code
" ဒီတခေါက်က အရင်ကထပ်ဈေးတွေ အဆမတန်တက်ထားတာပဲ နည်းနည်းတော့လွန်တယ်မထင်ဘူးလား
ကျုပ်တို့ရင်းနှီးလာတဲ့နှစ်တွေလည်း ကြာနေပြီကို လျော့လျော့ပေါ့ပေါ့လေး လုပ်ပါဦးလား သခင်လေးအီယုံးဘုတ်"ဟန်နိုင်ငံမှကုန်သည်၏ စကားသံအဆုံး ယုံးဘုတ် မဲ့ပြုံးတစ်ချက်ပြုံးကာ
"အဟက် ကျုပ်တို့လိုထိပ်တန်းပစ္စည်း အရည်သွေးနဲ့ လိုချင်သလောက်ပမာ ရနိုင်တာ အခြားဘယ်မှာများတွေ့ဖူးလဲ ခင်များပြောကြည့်ပါဦး
နောက်တချက် ရင်းနှီးတဲ့ဆက်ဆံရေးလို့ ဆိုရအောင် ကျုပ်တို့ဘက်က ခင်များဆီကနေ ဘာအကူအညီမှမယူဘူးပါဘူး
ခင်များသာကျုပ်ပစ္စည်း တွေနဲ့အကျိုးပြုပြီး ဒီလိုအခြေအနေထိ ရောက်လာတာဆိုတာမေ့နေတာလား"အမှန်တွေကြည့်ပြောသွား တာမို့ ကုန်သည်၏မျက်နှာမှာ ရှုံ့မဲ့သွားပြီး
"ဒါပေမယ့် ဒီပမာဏက.."
"ဂျုံအင်း ငါတို့ပြန်မယ် "
"နေ နေ ခဏ ခဏ လေးပါ သခင်လေး ပြောတဲ့ဈေးအတိုင်း အရောင်းအဝယ်ဆက်လုပ်ကြတာပေါ့"
ယုံးဘုတ် မျက်ခုံးတချက်တွန့်ကာ ခပ်ထေ့ထေ့ပြုံးလိုက်သည်။
" ကျုပ်ဘက်က မလုပ်ချင်ဘူးဆိုရင်ရော?"
"ငါ့လို ၀ယျလကျကိုလကျလှှတျလိုကျတဲ့အတှကျ မင်းနောင်တ ကောင်းကောင်းရလိမ့်မယ်"
ထိုကုန်သည်မှာ အနောက်ကအသင့်စောင့်နေတဲ့ သူ့လူများအား အချက်ပြလိုက်သည်နဲ့တပြိုင်နက် ဓားအိမ်ထဲမှ ဓားများဆွဲထုတ်ကာ ယုံးဘုတ်နဲ့ဂျုံအင်း အားဝိုင်းထားလိုက်ကြသည်။
" လူလိုပြောလည်း နားမလည်ဘူးပဲ "
ယုံးဘုတ်မျက်ခုံး တချက်ပင့်လိုက်သည် ထိုနောက်တွင်တော့
"မင်းတို့က ဒီလောက်သေလမ်းသွားချင်မှတော့လည်း
ငါကသဘောထားကြီးစွာနဲ့ ဖြည့်စည်းပေးရမှာပေါ့"------------*********** --------------
ဘာထူးခြားတာ ရှိလဲ"
" သေဆုံးသူအကုန်လုံးက ဓါးရာ၁ချက်ထဲနဲ့ အသက်ထွက်သွားတဲ့ပုံအရ လူသတ်သမားရဲ့ ဓားရေးက တော်ရုံအဆင့်မဟုတ်လောက်ဘူး လူကြီးမင်း"
YOU ARE READING
How you love to hate me
Fanfiction''မင်းလည်း မင်းအဘိုးလိုယုတ်မာပြီး အောက်တန်းကျတဲ့သူပဲ ယုံးဘုတ်၊ မဟုတ်ဘူး မင်းကမင်း အဘိုးထက်ကိုဆိုးတဲ့ မကောင်းဆိုးဝါးတစ်ကောင်ဘဲ ငါမင်းကိုအရမ်းမုန်းတယ် ဒီကမ္ဘာမှာငါအမုန်းဆုံးလူက မင်းပဲ'' ဟွမ်ဟျွန်းဂျင် '' အချစ်ဆိုတာ...