part 5

113 10 7
                                    

Uni code

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီးတောင်ကမ်းပါး အစွန်းတွင် မျက်လုံးများမှိတ်ကာ ထိုင်နေသောကောင်လေးတစ်ယောက်ရှိသည်။

Yongbok အတွက်ဒီနေရာလေးသည် အလွန်လှပသော အမှတ်တရများ ရှိခဲ့ပြီး ၀မျးနညျးစှာ ငိုကျွေးဖူးသောနေရာလည်းဖြစ်သည်။

တောင်ကမ်းပါးစွန်းပေါ် ကတိုက်ခတ်လာသော လတ်ဆက်သည့်လေကိုရှူရှိုက်ရင်း

တောင်အောက်က စမ်းချောင်းကလေးမှ ရေစီးသံကို နားထောင်ရင်း ဒီကမ်းပါးပေါ်မှာ အတူရှိခဲ့ဖူးသည့်

သူ့ဘဝတွင်အရေးပါဆုံး သောလူသား၂ယောက်ကို လွမ်းဆွတ်လာတိုင်း ဒီနေရာလေးကို လာဖြစ်သည်။အဖေ ပြီးတော့Hwang...

"Ahh bokie bokie yongbokei ကဒီမှာ ရှိမယ်မှန်းသိသားပဲ"

Yongbok အနောက်မှ ပေါ်လာသော သူနှင့်ရွယ်တူ ပါးဖောင်းဖောင်းနှင့် ကောင်လေးအား မျက်မှောင်ကြုတ်ကာ

"အာ အဲ့လိုမခေါ်ပါနဲ့ဆို jisungရာ"

"အွန်း အွန်း မခေါ်တော့ဘူးမလို့ ဆူနေတဲ့နှုတ်ခမ်းကိုအရင်ပြန်သိမ်းလိုက်ပါနော် ကြာရင်မျက်လုံးလာထိုးမိတော့မယ် bokeiလေးရဲ့"

"Yrrr Han Jisung"

Yongbok၏ ရှူးရှူးရှဲရှဲ ဖြစ်သွားပုံအား ကြည့်ကာ ဗိုက်ကိုလက်နှိပ်ကာ အော်ရယ်နေသော jisungအား ဇတ်ပိုးတစ်ချက်လောက်အုပ် လိုက်မှ မချိုမချဉ်မျက်နှာနှင့် အရယ်ရပ်တော့သည်။

" ဟင့်ငါက ချစ်လို့စတာကို မင်းကတော့အားကြီးနဲ့ လုပ်ရက်တယ်နော် အဟင့်"

မထွက်တဲ့မျက်ရည်အား ညှစ်ပြီး ဟန်ဆောင်ကာမူပိုနေသော jisungအား နောက်တချက်လောက်ထပ်အုပ်ချင်စိတ်ကိုမနည်းထိန်းကာ

" အဲ့လောက်လေးနဲ့ မင်းမသေပါဘူးစိတ်ချ အခုဘုန်းတော်ကြီး ခေါ်ခိုင်းလိုက်တာမလား သွားမယ်  "

"အွန်းဟုတ်တယ် ဘုန်းတော်ကြီးကအခုမှ တရားထိုင်ပြီးပြီးချင်း မင်းကိုအခေါ်ခိုင်းတာ လေဒါနဲ့yongbok"

အရှေ့မှသွားကာ yongbokအား စကားလှမ်းပြောနေသော်လည်း လက်ထဲမှ သစ်ကိုင်းခြောက်ကို ဟိုရိုက် ဒီရိုက်နှင့် တစက်မှငြိမ်ငြိမ်မနေသောjisung အား yongbok တကယ်မျက်စိနောက်နေပြီပင် ၊တကယ်ပါဘုရားစူး ဣန္ဒြေ သိက္ခာတရားကြီးမားလှသော ဘုန်းတော်ကြီးHanရဲ့ တပည့်ပင်။

How you love to hate meWhere stories live. Discover now