အခန်း-(၅၉)

3K 289 8
                                    


"နှုတ်ဆက်ခွဲခွာမှု"

ကိစ္စများစွာဖြစ်ပျက်ပြီးနောက် ယီကွမ်းသည်ဆရာဖြစ်သူနှင့်လမ်းခွဲ၍ ယီတိုင်းပြည်သို့ဆက်လက်ခရီးဆက်လာခဲ့သည်။သူကလမ်းခရီးတစ်လျှောက်ဒဏ်ရာရနေသောလီဝူရှင်းကိုပြုစုစောင့်ရှောက်လျက် ခရီးအတူဆက်ခဲ့ကြပေသည်။ နောက်ထပ်သုံးရက်မျှအချိန်ကြာမြင့်ပြီးနောက်
ယီတိုင်းပြည်၏နယ်နမိတ်အတွင်းသို့ခရီးအတော်ကြာနှင်လာသည့်အခါ ယီတိုင်းပြည်နန်းတော်၏တံခါးရှေ့မှောက်သို့ဆိုက်ရောက်လာသည့်နောက် သူတို့ကိုအဆင်သင့်စောင့်ကြိုနေကြသောသူအများအပြားကို တွေ့မြင်လိုက်ရပြီး ယီကွမ်းသည်လှည်းယာဥ်ထက်၌ ပင်ပန်းနွမ်းနယ်စွာအိပ်မောကျနေသော လီဝူရှင်းကိုတစ်ချက်ကြည့်ရှုကာ လှည်းယာဥ်ပေါ်မှဆင်းလိုက်သည်။ နန်းတော်၏တံခါးမကြီးကိုမြင်ရသည်နှင့်ပင်သူ၏အိမ်လွမ်းဆွတ်သည့်ဝေဒနာကိုသက်သာစေပြီး တံခါးအနား၌စုဝေးနေကြသောသူ၏မိသားစုကိုမြင်သည့်အခါ ယီကွမ်း၏အေးတိအေးစက်မျက်နှာထားမှာနူးညံ့သွားရပြီး မျက်ဝန်းများကစိုစွတ်လာခဲ့သည်။ သူက မိဘနှစ်ပါးကိုရိုသေစွာမနှုတ်ဆက်နိုင်ခင်၌ သူ၏မိခင်က တင်းကြပ်စွာပွေ့ဖက်လာခဲ့ပြီး သူဝတ်ဆင်ထားသောအဖြူရောင်ဝတ်ရုံ၌ဝမ်းသာခြင်းဖြင့်ထုံမွှမ်းသည့်မျက်ရည်များစိုရွှဲသွားခဲ့ပေသည်။ သူ၏အကိုတော်များကလည်းအနီး၌စုဝေးလာကြပြီးယီကွမ်းကိုနွေးထွေးစွာဖြင့်နှုတ်ဆက်လာကြသည်။သူလိုချင်ခဲ့သောအိမ်အပြန်ခရီးနှင့်အတူမိသားစု၏နွေးထွေးမှုကိုပြန်လည်ခံစားရသည့်အခါယီကွမ်းသည်အဆုံးသတ်၌မျက်ရည်မခိုင်တော့ပဲ သူ၏မိခင်ကိုမျက်ရည်များဖြင့်ပြန်လည်ပွေ့ဖက်မိရသည်။ သူ၏မျက်ဝန်းအစွန်း၌မူ ခမည်းတော်ကနူးညံ့နွေးထွေးသောမျက်ဝန်းအစုံဖြင့်ကြည့်ရှုနေခဲ့ပြီးသူ၏ပြန်လာခြင်းကိုကြိုဆိုနေခဲ့သည်။ စိတ်သက်သာရာရခြင်း၊ဝမ်းမြောက်ခြင်းများနှင့်ရှိနေခဲ့သောယီကွမ်းသည်မျက်ဝန်းများ၌မျက်ရည်စများစိုစွတ်နေခဲ့သော်လည်း နှုတ်ခမ်းပါးသည်ကားအပြုံးတစ်ခုတည်ရှိနေခဲ့ပါ၏။

**************************

"အဲ့ဒီတော့ ရန်ချင်းဝမ်က သားတော်ကိုကာကွယ်ရင်းဒဏ်ရာရလာတာလား?"

||Lost Love|| (矢恋 ) (Completed) Donde viven las historias. Descúbrelo ahora