Fighting To Me

123 3 0
                                    

ကောင်မလေးရေ လမ်းတွေအများကြီးလျှောက်လာပြီးပြီ
နောက်မလှည့်လိုက်ပါနဲ့
ကိုယ်ကိုယ်ကို သစ္စာမဖောက်လိုက်ပါနဲ့
တပါးသူကိုသစ္စာဖောက်တာက တောင်းပန်လို့ရကောင်းရနိုင်လိမ့်မယ်
ကိုယ့်ကိုယ်ကို သစ္စာဖောက်မိရင်တော့ နောင်တတွေပဲ ရလာမှာပါ
စိတ်ပျက်အားလျော့သွားချိန်ဆိုတာ လူတိုင်းမှာရှိတတ်ပါတယ်
စိတ်ညစ်လို့ရတယ် ပေါက်ကွဲလို့ရတယ် ငိုလို့ရတယ်
ကြိုက်တာလုပ်လိုက်ပါ မညီးတွားပါနဲ့
ညီးတွားနေတာက မင်းကို အကူအညီမဖြစ်စေဘူး
လုပ်စရာရှိတာ လုပ်လိုက်ပါ
အနည်းဆုံး အစာစားတာဖြစ်ဖြစ် အိပ်တာဖြစ်ဖြစ်
ကိုယ်လက်လှူပ်ရှားမှူဖြစ်ဖြစ်လုပ်လိုက်ပါ
မင်းအတွက် အထောက်အကူတခုဖြစ်သွားမှာပါ
ဆုလည်း မတောင်းပါနဲ့ ဆုတောင်းတိုင်းပြည့်တတ်ရင်
မင်းမွေးဖွားလာစရာတောင်မလိုတော့ဘူး
လူတွေမှာ တခုခုလုပ်မှ
ရလဒ် တွေရတတ်တာကို သတိရပါ
ဘာမှမလုပ်ရင် ဘာမှမဖြစ်လာနိုင်ပါဘူး
မင်း စတင်လျှောက်လှမ်းခဲ့တဲ့
ပထမဆုံးခြေလှမ်းကို သတိရပါ
မလှမ်းခင်က တွေဝေနေချိန် ရပ်နေသေးတဲ့အချိန်
မင်းဆီမှာ ရှိခဲ့ဖူးတယ် စတင်လှမ်းလိုက်ပြီဆိုတော့
ဆက်သွားလိုက်ပါ လမ်းဆုံးဆိုတာ မရှိဘူး
အသစ်အသစ်တွေ့ကြုံလာမှာပဲ ရှိမှာပါ
အတွေ့အကြုံတွေ များလာလေလေ
မင်းပိုပျော်လာလေ ဖြစ်လာမှာပါ
အဓိကက ခံစားချက်တွေ နောက်ကို မလိုက်ဖို့ရယ်ပါ
ပြီးတော့ မလိုအပ်တာတွေ ငြင်းဆိုတတ်ပါစေ
တချိန်က အားနာလို့ မငြင်းတတ်ခဲ့မှူတွေကို
မင်း စိတ်ညစ်ဖူးတာတွေကို သတိရပါ
ငြင်းဆန်ရမှာ အားနာနေရင်
အာ့အချိန်ကို ပြန်တွေးပါ ငြင်းလိုက်ပါ
မင်းရဲ့ မပြတ်သားမှူက မင်းကိုမင်း စိတ်ပျက်စေသလို
တဖက်သားကို အထင်လွဲစေနိုင်ပါတယ်
ဒါကြောင့် no လို့ပြောတတ်ပါစေ
တချို့ အရာတွေကိုလည်း လျစ်လျူရှုတတ်ပါစေ
လျစ်လျူမရှူလိုက်လို့ ငါ ၀င်ပါမိတာ မှားလေခြင်းဆိုတဲ့
ကိစ္စတွေ ဖြစ်ဖူးတာကို သတိရလိုက်ပါ
ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်ပါ
နောက်ဆုံး Fighting to me ,don't give up .

ခံစားချက်​များ​Where stories live. Discover now