<နတ်မိစ္ဆာ၏ လှုပ်ရှားမှု>
ကျန်းရီထံမှ ယုံကြည်မှုအပြည့်နှင့် ရဲရင့်သော စ
ကားကို ကြားလိုက်ရခြင်းကြောင့် ချီကျိပိုင်သည်
အတန်ငယ်ကြာသည်အထိ ပြန်မပြောနိုင်တော့ဘဲ
သက်ပြင်းသာချ၏။"မင်းလို တပည့်တစ်ယောက် ရလိုက်တာ ငါ အ
တိတ်ဘဝတုန်းက ကျူးလွန်ခဲ့မိတဲ့ အပြစ်ကြွေးတွေကြောင့်ပဲ ဖြစ်မယ်""ရှစ်ဖူ ဘာဖြစ်လို့ ဒီလိုပြောရတာလဲ?"
"ကျွန်တော် ရှစ်ဖူကို ပေးခဲ့တဲ့ ကတိအတိုင်း မလု
ပ်ပေးနိုင်မှာ စိုးလို့လား?""ကတိမတည်ခင် မင်း အရင်သေသွားမှာ ကြော
က်လို့ဟေ့!"ချီကျိပိုင်က ဝတ်ရုံလက်ကို ခါထုတ်၍ မကျေမချ
မ်း ဆို၏။ကျန်းရီ ပြုံးလိုက်သော်လည်း ချီကျိပိုင်နှင့် စကား
ဆက်မပြောတော့ဘဲ ပြတင်းပေါက်မှတဆင့် အ
ပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။တောင်ဆင်းလမ်းလေးကို ဤပြတင်းပေါက်မှ လှမ်းမြင်နေရသည်။ထိုအချိန်တွင် ဝမ်ရွှမ်သည် တောင်ပေါ်မှ ဆင်း၍ တောင်ဆင်းလမ်းအတိုင်း ဆက်လျှောက်နေ၏။လမ်းတစ်လျှောက်တွင် ဝမ်ရွှမ့် ပုံရိပ်က အထီး
ကျန်ဆန်နေပြီး ဘေးဘက်မှ လမ်းသွားလမ်းလာတို့၏ အကြည့်များကို ဗလာကျင်းနေသော အကြည့်များဖြင့်သာ တုံ့ပြန်ခဲ့သည်။သူသည် မည်သူ တစ်ဦး၊တစ်ယောက်ကိုမှ အဖတ်မလုပ်သလို အ
ခြားလူများကလည်း သူ့နှင့် အရောတဝင်မနေကြချေ။နှစ်ဖက်စလုံးသည် ကမ္ဘာ့တစ်ဖက်ခြမ်းစီတွ
င် နေထိုင်ကြသူများပမာ။ကျန်းရီသည် ဂိုဏ်းအတွင်း၌ ယခုလို အခြေအနေမျိုးကို ဝမ်ရွှမ် ကြုံနေရခြင်းကြောင့် အထီးကျန်နေလိမ့်မည်ဟု တွေးမိ၍ စိတ်မကောင်းဖြစ်သွားရသော်လည်း တစ်ချိန်တည်းမှာပင် တိတ်တခိုး ပျော်ရွှင်မှုက နှလုံးသားအခြေမှ ဆန်တက်လာခဲ့သည်။
လမ်းအဆုံးသို့ ရောက်ခါနီးတွင် လူတစ်ဦးက ရု
တ်တရက် ပေါ်ထွက်လာပြီး ဝမ်ရွှမ့် လမ်းကို ပိတ်
ဆို့လိုက်သည်။အနှီ ရုတ်တရက် ပေါ်ထွက်လာသူသည် များမ
ကြာမီ အချိန်လေးကပင် ဝမ်ရွှမ့် နေရာမှ ထွက်လာသော လော့ချင်းချွမ်ဖြစ်နေ၏။
YOU ARE READING
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]
Adventure-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian Title-Let's talk about that guy who transmigrated to pursue me Total-82 Chapters I do not own any par...