<မတော်လောဘအတွက်အခကြေးငွေက
သေခြင်းတရားပဲ >ကျန်းရီသည်သူ၏တုန်ယင်နေသောလက်များအားမြှောက်လိုက်ပြီးမျက်စိရှေ့တွင်ဆုပ်ကိုင်ထားရင်းကြည့်လိုက်၏။ထို့နောက်ခေါင်းကိုခါယမ်းကာပြုံးလိုက်လေသည်။
"ကြောက်ရကောင်းမှန်းသေချာပေါက်သိတာ
ပေါ့"တိုးညှင်းသောလေသံဖြင့်ဆက်ပြောလာခဲ့
သည်။"ဆရာတူအစ်ကိုမယုံလောက်ပေမယ့်ဒါက
သွေးထွက်သံယိုဖြစ်တာကိုကျွန်တော်ပထမ
ဆုံးမြင်ဖူးတာပဲ။အင်း.....အခြားတစ်ယောက်ရဲ့သွေးကိုပေါ့လေ"မြေပြင်မှမတ်တပ်ရပ်ပြီးတာတောင်သူ၏တုန်
ယင်နေသောလက်များမှာထိန်းမနိုင်သိမ်းမရ
ဖြစ်နေဆဲပင်။ကျန်းရီ၏အမူအယာမှာဖျော့
တော့နေခဲ့ပြီးထိုလက်ကိုလက်သီးကျစ်ကျစ်
ဆုပ်လိုက်၏။ကျန်းရီ၏ထိုအသွင်အပြင်အားမြင်လိုက်ရ
သောအခါဝမ်ရွှမ်လည်းမည်သို့မျှမတတ်နိုင်
တော့ဘဲပျော့ပျောင်းညင်သာသောလေသံ
ဖြင့်သာစကားပြောလိုက်သည်။"ကြောက်ရကောင်းမှန်းသိတယ်ဆိုထဲကနောင်အနာဂတ်မှာဒီလိုအန္တရာယ်ရှိတဲ့ကိစ္စ
တွေကိုထပ်မလုပ်နဲ့တော့"ကျန်းရီကသူ၏ခေါင်းကိုမော့လိုက်ကာ
"ဆရာတူအစ်ကိုပြောချင်တာက...ကျွန်တော်
အစ်ကို့နောက်မှာပုန်းနေသင့်တာလား?"ထိုမေးခွန်းကဝမ်ရွှမ့်ကိုတစ်ခဏတာပြောစ
ရာစကားကင်းမဲ့သွားစေခဲ့သည်။ငါတို့နှစ်
ယောက်ကြားမှာအဆင့်2ဆင့်တောင်ကွာနေ
တာ...အဖြေကသိသာမနေဘူးလား?
(notes:ယွမ်စုစည်းခြင်းအဆင့်>ချီသန့်စင်ခြင်းအဆင့်)ကျန်းရီကပြတ်ပြတ်သားသားဖြင့်မဆိုင်းမတွ
ဆက်ပြောလာခဲ့သည်။"ဒီခရီးမှာကျွန်တော့်အတွက်အဖော်အဖြစ်
အစ်ကိုလိုက်လာပေးဖို့ကိုနည်းလမ်းမျိုးစုံနဲ့
ဖန်တီးယူခဲ့ရတာ။အဲ့လိုမှမဟုတ်ရင်အစ်ကို
ကျွန်တော့်ကိုကာကွယ်ပေးမှာမဟုတ်ဘူး"အိုး...အဲ့တာကအမှန်ပဲ။ဝမ်ရွှမ်မေ့လုနီးပါးဖြစ်သွားခဲ့ရသည်။သူတို့နှစ်ဦးလုံးအန္တရာယ်
ရှိသောအခြေအနေသို့ရောက်ခဲ့ရသောအ
ကြောင်းအရင်းလုံးလုံးလျားလျားမှာဤ
ကလေး၏အကြံအစည်များကြောင့်သာဖြစ်
ခဲ့သည်။
أنت تقرأ
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]
مغامرة-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian Title-Let's talk about that guy who transmigrated to pursue me Total-82 Chapters I do not own any par...