အပိုင်း ၅

470 36 4
                                    

"ဆည်းဆာနီ"

နာမည်ခေါ်သံကြောင့် ဆည်းဆာနီတစ်ယောက် ကြက်ပေါင်ကလေးကိုင်လျက်သားဖြင့် အနောက်သို့လှည့်ကြည့်လိုက်မိသည်။သူမြင်လိုက်ရသည် ဦးမျိုး။မြတ်မျိုးရိုးသည် ပုဆိုးနှင့်ရှပ်အဖြူကိုတွဲဝတ်ထားပြီး လက်ထဲတွင်လဲ ယောကျာ်းလေးကိုင်ပိုက်ဆံအိတ်နှင့်ပင်။

"ဦး..ဦးမျိုး"

မြတ်မျိုးရိုးသည် ဆည်းဆာနီကိုမျက်မှောင်ကြုတ်ကြည့်ကာ ဆည်းဆာနီတို့ဝိုင်းနားသို့လျှောက်သွားလိုက်သည်။ယနေ့သည် မေမေ့နှစ်ပတ်လည်ဖြစ်၍ ကျောင်းမသွားပဲ ဘုရားသွားပြီး ကုသိုလ်ကောင်းမှုလုပ်ဖြစ်သည်။သို့သော် ဒီကလေးပေါက်စနကြောင့် အကုသိုလ်ဖြစ်တော့မည်။

"မင်းဒီကိုဘယ်လိုရောက်နေတာလဲဟမ်၊ ဒါကျောင်းချိန်မဟုတ်ဘူးလား၊ မင်းကျောင်းလစ်လာတာလား။ ဟမ် ဆည်းဆာနီ ငါမေးတာဖြေစမ်း"

တစ်ရစပ်မေးလာသောစကားများကြောင့် ဆည်းဆာနီတစ်ယောက် မည်သို့ဖြေလို့ဖြေရမှန်းမသိပဲ အူကြောင်ကြောင်ဖြင့်ကြည့်နေမိသည်။ထိုသို့အကြည့်မျိုးကြောင့် မြတ်မျိုးရိုး ပိုလို့ဒေါသထွက်လာရသည်။

"ငါမေးတာဖြေစမ်း ဆည်းဆာနီ"

မြတ်မျိုးရိုးသည် ဆည်းဆာနီကိုဆူပူနေသော်လဲ အော်ဟစ်နေခြင်းတော့မဟုတ်ပေ။ဆည်းဆာနီတို့ဝိုင်းနားတွင်တိုးကြိတ်တိုးကြိတ်ဖြင့်ဆူနေခြင်းသာဖြစ်သည်။ထိုစဉ်မှာပင် ဆိုင်ထဲသို့ အရုဏ်ကပါရောက်လာလေသည်။အရုဏ်သည်လဲ မနက်က မြတ်မျိုးရိုးနှင့်အတူဘုရားသွားခဲ့ခြင်းပင်။မြတ်မျိူးရိုးသည် ဘုရားမှအပြန်တွင် ဆည်းဆာနီတို့ကျောင်းရှေ့မှအသစ်ဖွင့်သော ကြက်ကြော်ဆိုင်တွင် ဆည်းဆာနီအတွက်ကြက်‌ေကြာ်ဝယ်ဦးမည်ဟုဆိုကာ ကားပေါ်မှ ဆင်းသွားသော်လဲ ကြာနေ၍ ဆိုင်ထဲသို့ဝင်လာခြင်းပင်။

"မြတ်မျိုး၊ ဘာတွေဖြစ်..အာ ညီလေး"

ဆည်းဆာနီသည် မျက်ရည်များရစ်ဝဲနေသော မျက်ဝန်းအစုံဖြင့် ပုဆိုးနှင့်ရှပ်တို့ကို အရောင်ကွဲ၊ အကွက်ဆင်တူဝတ်ထားသည့် မြတ်မျိုးရိုးနှင့်အရုဏ်တို့ကိုကြည့်လိုက်မိသည်။

𝙵.𝚘.𝚛.𝚎.𝚟.𝚎.𝚛 𝙼.𝚒.𝚗.𝚎 [🅤🅝🅘+🅩🅐🅦]Where stories live. Discover now