Unicode
“ထယ်ယောင်း ပါး မင်းကို ပြောထားပြီးသားနော်
ပါးတို့ဒီဘက်ကိုပြောင်းလာတာက အခြေအနေတွေ ငြိမ်သွားတဲ့အထိပဲလို့။ သံယောဇဉ်တွေမထားနဲ့!”ကျောင်းတံဆိပ်ပါဂျာစီအကျီကို ဝတ်ဆင်ထားသော ထယ်ယောင်း၏ခန္ဓာကိုယ်မှာ ချွေးများနှင့် စိုရွဲနေသည်။ ပါးက သူ့ရဲ့ ရည်းစားစာတွေကိုတွေ့သွားပြီးနောက် ဆူနေတာဖြစ်သည်။ ပါးနဲ့သူပဲရှိတဲ့ဘဝမှာ ရင်းရင်းနှီးနှီးနေတတ်သည်မို့ ပုံမှန်အချိန်တွေမှာ ပါးနဲ့သူက သူငယ်ချင်းလိုဖြစ်သည်။ ပါးရဲ့စကားအဆုံး ထိုင်နေရာမှထလိုက်ပြီး ပါးကို အငေါ်တူးသလိုကြည့်ပြီး ခပ်ဟက်ဟက်ရယ်လိုက်သည်။
"ပါး ညစ်တယ်။
ပါးပြောထားတယ်လေ ပါးဒီအလုပ်ကို စွန့်လွှတ်ပါ့မယ်လို့"ထယ်ယောင်းရဲ့စကားကိုကြားတော့ ပါးက အပြစ်လုပ်ထားသူလို မျက်နှာပျက်ပြီး ခေါင်းငုံ့ထိုင်ချသွားသည်။ ပြီးတော့ သက်မပေါင်းများစွာချပြီး စိတ်မသက်သာသလို ထယ်ယောင်းကိုကြည့်လာသည်။
"ပါး ပြောခဲ့တာမှန်တယ်
ဒါပေမဲ့ ပါး ဒီကတိကိုတည်နိုင်ဦးမယ်မထင်ဘူး။
မင်း ငွေရှာနိုင်တဲ့အချိန်ရောက်မှ ပါး ထိုင်စားမယ်ကွာ"ပါးက ရယ်စရာဟာသလို ပေါ့ပျက်ပျက်လုပ်ပြီး ထသွားဖို့ပြင်တဲ့အခါ ထယ်ယောင်းရဲ့ဒေါသတွေက တဆုံးထိရောက်သွားတော့သည်။ မူးယစ်ရာဇာရဲ့ သားသမီးဖြစ်ရတာ ပိုက်ဆံရှိပေမဲ့ ဘယ်နားမှာ ကောင်းနေလို့လဲ။ ကျောင်းတွေတစ်ခုပြီးတစ်ခုပြောင်းနေရတဲ့ သူ့ဘဝမှာ သူငယ်ချင်းလေးတောင်မရှိခဲ့ဘူး။ ပါးအတွက်လည်း ဘာကောင်းလို့လဲ။ ပါးရောင်းတဲ့ဆေးတွေနဲ့ ပါး ဘဝလည်း ပျက်တော့မယ်။
"ပါး ကျွန်တော့်ကို ဒီဘဝမှာ နေချင်လားလို့ ရွေးချယ်ခိုင်းလို့မရဘူးလား။ ပါးလို အမိန့်တွေမပေးနိုင်ပေမဲ့ ရွေးချယ်ခိုင်းလို့ပဲမရဘူးလား"
"သားက ဘယ်လိုဘဝမှာနေချင်တာလဲ?
ထမင်းငတ်ပြီး မားသေသွားရတဲ့ဘဝမျိုးလား""မဟုတ်ဘူး!
အနည်းဆုံးတော့ ပါးကို ဆေးဆွဲပြီးသေသွားမှာမျိုး ထပ်မလိုချင်ဘူး"