အခန်း ၄

633 105 3
                                    

|Unicode|

"ဟဲ့ ဂျီမင်းကဘာပြန်ပြောသေးလဲ"

"မပြောပါဘူးဟာ ငါ့ကသာကြိုက်နေရတာ သူကငါရှိမှန်းတောင်သိရဲ့လားမသိဘူး"

ဟုတ်ပါရဲ့။ သူ့သူငယ်ချင်းမလေးက Tomboyလေးဖြစ်ကာ ဂျီမင်းကို ပိုးကောင်လေးလိုချစ်ရှာသည်။ တစ်နေ့ကလည်း ကျောင်းသားသစ် ကင်ထယ့်ဆီကနေ စာအုပ်ပြန်ငှားကာ ရည်းစားစာထည့်ပေးလိုက်ပေမယ့် မည်သည်မှမထူးခြားခဲ့ပေ။

"ခေါင်းမူးတာ"

"ဘယ်လိုလုပ်မလဲ မသက်သာရင်အတန်းထဲမှာနားနေခဲ့လိုက်
ဆရာ့ကိုငါခွင့်တိုင်လိုက်မယ်လေ"

အမှတ်လျော့မှာဆိုးသဖြင့် သူငယ်ချင်းမ၏စကားကို ပေတေပြီးနေလိုက်သည်။ ဂျီမင်းအတွက် ဒီလိုပေးတဲ့အမှန်တွေက အပြည့်ရရမှဖြစ်မည်။ PTအချိန်မို့ ခေါင်းမူးနေတာက ပြဿနာတစ်ခုဖြစ်နေသည်။ အခက်တွေ့ချင်ပြန်တော့ သူနေရသည့် နေရာသည် နေပူပူထဲဖြစ်နေ၏။

"ပတ်ဂျီမင်း ဘာလို့လိုက်မလုပ်တာလဲ?
ထွက်ခဲ့ ဒိုက်ထိုး50လာလုပ်"

နေပူပူထဲတွင် ချွေးကလည်းအရမ်းထွက်ပြီး လူက‌မလဲကျရုံဖြစ်နေသည်။ လှုပ်ရှားမှုတွေကိုလိုက်မလုပ်နိုင်တာမို့ အပေါက်ဆိုးတဲ့PTဆရာက ရိပ်မိသွားသည်။

"ဆရာ ကျွန်တော်အစားလုပ်လိုက်ပါ့မယ်"

ကင်ထယ်!
မူးရိပ်ရိပ်ဖြစ်နေသည်မို့ ဘာစကားမှမပြောနိုင်တော့ပေ။ အားလုံးရဲ့အကြည့်တွေကလည်း ကင်ထယ့်ဆီမှာသာရှိနေသည်။

"ဟဲ့ ပြောသားပဲ ကင်ထယ်ယောင်းကနင့်ကိုကြိုက်နေတာပါဆို"

အရိပ်အကဲမသိသော သူငယ်ချင်းမကို သူမျက်စောင်းသာထိုးလိုက်သည်။ ကိုယ့်သူငယ်ချင်းနေမကောင်းတာကျဂရုမစိုက်ဘဲ  သဘ်ောမောင်းဖို့ပဲတွေးနေတဲ့သူ။

"ကင်ထယ် မင်းတကယ်ပဲအဲ့ဒီစာဂျပိုးပတ်ဂျီမင်းကို ကြိုက်နေတာလား"

ကင်ထယ်၏မျက်ခုံးတွေသည် အလိုလိုကျုံ့လျက်။ ရယ်ချင်ရက်ပါးစပ်ကိုလည်းတင်းတင်းစေ့ထားလိုက်ရသည်။ အကျီလက်ကို ပင့်တင်လိုက်ရင်း နှုတ်ခမ်းပါးပါးကို တစ်ချက်ကိုက်လိုက်သည်။

 I'm Your Crush (maybe You're my crush)Onde histórias criam vida. Descubra agora