Unicode✅
တက္ကသိုလ်ကျောင်းသားလေချွဲဘောမ်ဂယူမှာလျှောက်လမ်းတစ်လျှောက်ပြေးနေ၏ ။
အကြောင်းကတော့ချစ်သူငယ်ချင်းကြီးချွဲယောန်ဂျွန်းကသူ့ရဲ့မင့်ထုချိုကို ကိုမကောင်းပြောရလားဟုဆိုကာလိုက်ရိုက်တာကြောင့်ဖြစ်သည်။
ပြေးလွှားနေသည့်နှစ်ယောက်ကိုကျောင်းသူ/သားများကကွက်ကြည့်ကွက်ကြည့်။
သို့သော်လည်းအစွာနှစ်ယောက်ကတော့ဂရုမစိုက်အား။
တစ်ယောက်ကပြေး တစ်ယောက်ကလိုက်ဖမ်းနဲ့ဟုတ်နေကြလေသည်။
*ဘုတ်* "အ့"
ဘောမ်ဂယူတစ်ယောက်ကတော့ပြေးရင်းနဲ့အရှိန်ဖြင့်လူတစ်ယောက်ကိုဝင်တိုက်မိလေသည်။
"ကျွတ် ကျွတ် နာလိုက်တာ"
နာသွားသည့်ခေါင်းလေးအားပွတ်ရင်းရှုံ့မဲ့ကာဆိုလာသည့်ဘောမ်ဂယူပင်။
"အဆင်ပြေရဲ့လား"
အရှေ့ကကျောင်းသားလေးမှသူ့ကိုဆွဲထူရင်းမေးလာသည်မို့ဘောမ်ဂယူထရပ်လိုက်ကာစွာလေတော့သည်။
"ဒီမှာကောင်လေးမင်းကလူကိုဝင်တိုက်ရလောကရတဲ့အထိမမြင်ဘူးလား"
"အဲ အကိုကအရင်လာဝင်တိုက်-"
"တိတ်"
"ဟုတ်"
သူဘဲမှားပြီးသူဘဲအရှေ့ကနေစွာနေတဲ့ဘောမ်ဂယူကိုရှေ့ကကျောင်းသားလေးကငေးကြည့်နေလေသည်။
"ဟွန်း ဂန်ဘောမ်ဂယူကိုလာပြီးအပြစ်ပြောချင်နေသေးတယ် မောင်နဲ့တိုင်လိုက်မှဖြင့်"
ဘောမ်ဂယူပြောသည်ကိုဘာမှနားမလည်သည့်ကျောင်းသားလေးကကြောင်တောင်တောင်ဖြင့်ကြည့်နေလေသည်။
"ဘာကြည့်နေတာလည်း"
"မကြည့်-မကြည့်ပါဘူး"
ထိုကောင်လေးရဲ့စကားဆုံးတော့ဘောမ်ဂယူတို့လှည့်ထွက်လာခဲ့လေသည်။
ရိုင်းတယ်ထင်ရင်လည့်ထင်ပါစေ ချွဲဘောမ်ဂယူတို့ကတော့မောင်ကလွဲပြီးဘာကိုမှအဲ့လောက်ဂရုစိုက်မနေ။
ဘောမ်ဂယူမကြားလိုက်တာကတော့ထိုကျောင်းသားရဲ့ခပ်တိုးတိုးစကားသံပင်။
YOU ARE READING
Forever Staying By Me
Short Story"မင်းကိုယ့်ကိုထိပါးလာတာကိုကိုယ်သည်းခံနိုင်တယ်နိုရာ ဒါပေမဲ့ကိုယ့်အပိုင်ဂန်ဘောမ်ဂယူကိုထိပါးလာရင်တော့ကိုယ်သည်းခံနေတော့မှာမဟုတ်ဘူး ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေနိုရာ"