Unicode✅
"အဲ့တော့မင်းက ကိုယ်နဲ့ပူးပေါင်းချင်တယ်ပေါ့?"
"ဒါပေါ့ ရှင်နဲ့ကျွန်မရဲ့ပစ်မှတ်က တစ်ခုထဲဘဲကို"
"ဟုတ်ပြီလေ ပူးပေါင်းကြတာပေါ့"
"ဒီနေ့ကစပြီးရှင်နဲ့ကျွန်မနဲ့က တစ်လှေထဲစီးနေကြတဲ့လူနှစ်ယောက်ဖြစ်သွားပြီ"
"ဒါပေါ့ ဟားဟား!"
---------------------
ဆူဘင်းမှာချစ်ရသူလေးနဲ့စိတ်ဆိုးနေတာ ရက်အနည်းငယ်ဘဲရှိသေးသော်လည်း နေမထိထိုင်မသာဖြစ်နေမိသည်။လွမ်းတဲ့စိတ်ကထိန်းချုပ်လို့ပင်မရတော့။
စိတ်ကလည်းတွေး လူကလည်းအဝတ်တွေလဲနေပြီးပြီဖြစ်သည်။ချစ်ရသူလေးနေတဲ့အိမ်ကို ဘောမ်ဂယူဆီ မေးပြီးမှလာခဲ့ရသည်။
ထိုအိမ်ရောက်တော့သူ့မှာ စိတ်ကကြောက်နေသောကြောင့်ဘဲလ်မတီးရဲ။နောက်ဆုံးတော့လည်း ရဲဆေးတင်ကာ ဘဲလ်တီးလိုက်သည်။"လာပါပြီ!"
အထဲကနေဖျော့တော့တော့လေးထွက်လာသောအသံကိုကြားတော့ သူ့ရင်တွေဗြောင်းဆန်လာသည်။ထွက်ပြေးလိုက်ရမလား။
"ဟင် ဆူဘင်း"
"သက်လှယ်"
ရှေ့တွင်ရပ်နေသောသူလေးကို ရင်ခွင်ထဲထည့်ကာတင်းကျပ်နေအောင်ဖက်ထားမိတော့ ကျောပေါ်ရောက်လာသောလက်သွယ်သွယ်လေးတွေ။
"ဆူဘင်း"
"ကျွန်တော်Hyungမရှိဘဲမနေနိုင်ဘူး"
"ငါလည်း...ငါလည်းမနေနိုင်ဘူး"
"အင်း ကျွန်တော်သိတယ် အဲ့ဒါကြောင့် နောက်တစ်ခါဆိုကျွန်တော်တို့ ရန်မဖြစ်ဘဲနေကြရအောင်"
"ငါလက်ခံတယ်"
"ချစ်တယ်"
"ငါလည်းချစ်တယ်"
---------------------
"မောင်လို့ဆိုနေ"
"ဟာဗျာ မရဘူးနော်"
"အာ Wae Wae!"
"ကျွန်တော့်ချစ်သူလေးက အဲ့လိုနေရာတွေကိုမသွားရဘူး အဲ့လိုနေရာသွားမဲ့အစား ကစားကွင်း-"
"မောင်!!!!"
"ဗျာ ဗျာ အများကြီးမအော်နဲ့ အသံနာသွားဦးမယ်"
YOU ARE READING
Forever Staying By Me
Short Story"မင်းကိုယ့်ကိုထိပါးလာတာကိုကိုယ်သည်းခံနိုင်တယ်နိုရာ ဒါပေမဲ့ကိုယ့်အပိုင်ဂန်ဘောမ်ဂယူကိုထိပါးလာရင်တော့ကိုယ်သည်းခံနေတော့မှာမဟုတ်ဘူး ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေနိုရာ"