Unicode✅
ကန်တင်းရောက်တဲ့အထိမောင်ကရုပ်တည်ကြီးနဲ့နေနေသည်။
"မောင်"
"ဘာလည်း"
အသံမာမာကသူ့ကိုပြောပြနေသည်။မောင်စိတ်တိုနေတယ်တဲ့..။
"ဟိုဟာ ဒါမကြိုက်ဘူး"
"ဘေးဖယ်ထားလိုက်"
"အွန်း"
"ဂန်"
"နိုရာရှီး ဘာလာလုပ်နေတာလည်း"
"ဂန်ကလည်းကျွန်မပြောစရာရှိလို့ပါ"
"မပြောနဲ့တော့"
"မောင် ငါToiletသွားဦးမယ်"
"အင်း"
"ဂန်ကဘောမ်ဂယူရှီးကိုစိတ်ဆိုးနေတယ်ထင်တယ်"
"မင်းနဲ့မဆိုင်ဘူး"
ဘောမ်ဂယူမောင့်ကိုစိတ်မချစွာနဲ့Toiletကိုလာခဲ့သည်။ဘောမ်ဂယူtoiletကပြန်လာတော့မထင်မှတ်ထားတဲ့မြင်ကွင်းကိုကြည့်ရင်းကြောင်အစွာရပ်နေမိသည်။
နိုရာကမောင့်ရဲ့ပါးတွေကိုထိကပ်နမ်းလိုက်သည့်မြင်ကွင်း။ရုတ်တရက်မောင်ကသူ့ဘက်လှည့်ကြည့်လာတော့လန့်သွားဟန်။ဘောမ်ဂယူမျက်ရည်တွေကျလာကာပြေးထွက်လာမိသည်။အနောက်နေပါလာတဲ့ခြေသံအရတော့မောင်သူ့နောက်လိုက်လာပုံ။
"သဲငယ်!"
ခန္ဓာကိုယ်တစ်ခုလုံးဆွဲလှည့်ခြင်းကိုခံလိုက်ရပြီးမောင့်ရဲ့ရင်ခွင်ထဲသို့..။
"လွှတ် ဟင့်!"
"သဲငယ်မောင်ရှင်းပြမယ်"
"မရှင်းနဲ့ လွှတ်ပေး ဟင့်!လွှတ်ပေးလို့!"
"ဂန်ဘောမ်ဂယူ!!!"
ထယ်ဟျွန်းရဲ့ဒေါသသံတွေပါနေသည့်ဂန်ဘောမ်ဂယူဆိုသည့်အော်သံကျယ်ကျယ်ကအနီးနားတွင်ပျံ့နှံ့လို့သွားသည်။
"အွန့်"
မောင်ကသူ့ရဲ့မျက်နှာကမျက်ရည်စတွေကိုခပ်ကြမ်းကြမ်းဖိသုတ်လိုက်ပြီးသူ့ရဲ့နှစ်ခမ်းတွေကိုဖိကပ်လာသည်။
"အင့် လွှတ်..လွှတ်မင်းမကောင်းဘူး"
မောင့်ရဲ့လက်သန်သန်ကြီးတွေကြားထဲကနေအတင်းရုန်းနေသော်လည်းသူသာမောလာသည်။မောင်ကဟန်ချက်တောင်မပျက်သွား။
YOU ARE READING
Forever Staying By Me
Cerita Pendek"မင်းကိုယ့်ကိုထိပါးလာတာကိုကိုယ်သည်းခံနိုင်တယ်နိုရာ ဒါပေမဲ့ကိုယ့်အပိုင်ဂန်ဘောမ်ဂယူကိုထိပါးလာရင်တော့ကိုယ်သည်းခံနေတော့မှာမဟုတ်ဘူး ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေနိုရာ"