.

504 35 4
                                    


နှင်းပြောက်ပြောက်များ ကျဆင်းနေကြသည်။ လူသူမရှိသည့် ထိုလမ်းသွယ်သွယ်ထဲဝယ် လမ်းမီးဓာတ်တိုင်အောက် ပက်လက်လဲအိပ်နေသည့် လူတစ်ယောက်ရှိနေသည်။ ထိုလူသည် လမ်းမီးဓာတ်တိုင်အား​ငေးကြည့်နေ၏ ။

သူဟာ အရူးတစ်ယောက်တော့ မဖြစ်နိုင်။ သို့သော်ငြားလည်း ဘယ်လူကများ သေလောက်အောင် အေးခဲနေသည့်ညမှာ နှင်းခဲတောထဲ တုတ်တုတ်မလှုပ် လဲအိပ်နေမည်နည်း။

အထုပ်ကို ဆွဲရင်း သူရပ်ကြည့်နေခဲ့သည်။ ခပ်လှမ်းလှမ်း တစ်နေရာကနေ ရပ်ကြည့်ရင်း သွားရနိုးနိုး မသွားရနိုးနိုးဖြစ်နေပေမဲ့ တစ်စုံတစ်ရာကို တွေ့ရှိသွားခဲ့သည်က...

ထိုလူ့၏ ညာဘက်ဝမ်းဗိုက်တစ်နေရာကနေ သွေးများ စီးကျနေသည်ဟာ မနည်းမနော။ နှင်းခဲတစ်ချို့က အဖြူနဲ့အနီရောနှောနေကြသည်။ ဘေးတစ်ဖက်တစ်ချက်စီ ကြည့်လိုက်မိသည်။ မည်သူမှမရှိ။ မရှိမှာပဲပေါ့။ အချိန်သည်ကား မနက်၂နာရီ။

အနားကို အဆောတလျင်ပြေးသွားမိလိုက်သည်။ ဘုရား ဘုရား ၊ မျက်နှာမှာလည်း ဒဏ်ရာတွေဟာလည်း ကြည့်မကောင်းပါ၏ ။

မျက်လုံးတွေမပွင့်တပွင့် ဖြစ်နေပုံဟာ တောင့်ခံကြိုးစားနေဆဲ ဖြစ်ပုံရသည်။ စက္ကန့်အနည်းငယ်ကြာသည်အထိ သူ့အား မော်ကြည့်နေခြင်းသည် အကူအညီတောင်းနေခြင်းလား။ သွေးစများ ရှိနေသည့် နှုတ်ခမ်းပါးပါးများကို ကြည့်ပြန်ပါတော့လည်း တုန်လှုပ်နေခြင်း မရှိ။

များမကြာမီမှာပင် ထိုမျက်လုံးများသည် ပိတ်ကျခြင်းအတိကို ဆောင်ရွက်သွားကြ၏ ။

"အဟွတ်.. အဟွတ်"

ချောင်းဆိုးလိုက်ရာကနေ နာကျင်မှုလဲလဲလှိုက်လှိုက် တက်လာသည်က ဝမ်းဗိုက်ကပင်ဖြစ်သည်။ လက်တစ်ဖက်နှင့် ၎င်းနေရာအား ဖိကိုင်ထားရင်း အိပ်နေရာကနေ ဖြည်းဖြည်းချင်း ထထိုင်မိလိုက်၏ ။

အသိစိတ်က ရာနှုန်းပြည့်ဝင်လာတော့မှ သူရောက်နေတာ သူများနေရာ၊ သူများကုတင်၊ သူများအခန်း။ ညဘက်အချိန်ကြီးဖြစ်ပြီး အသည်းခိုက်အောင်​အေးနေသေးသည်။

ဝမ်းဗိုက်က ဓားထိုးဒဏ်ရာက သေလောက်အောင် နာနေသော်ငြားလည်း သူဂရုမစိုက်နိုင်။ သူဂရုစိုက်သည်က သူ ဘယ်သူ့အိမ်ရောက်နေသည်လဲကိုသာ ဖြစ်သည်။ မဟုတ်လျှင်ကား အီဟီဆွန်း ဘယ်ဆန်တော့မနည်း။

Purple Motion Donde viven las historias. Descúbrelo ahora