နောက်နေ့မနက်ရောက် ....
အာရုဏ်တက်ချိန်ကိုတခါမှမမြင်ဖူးသော aaron Oo ဟာထူးထူးဆန်းဆန်း ဒီနေ့မှာအစောကြီးနိုးနေခဲ့သည် ဒါမဲ့မထသေးတခုခုကိုစောင့်နေပုံရတယ် အိပ်ခန်းတံခါးပေါက်ကိုကြည့်လိုက်ပြန်လှဲလိုက်နဲ့ သူ့ခင်မျာအလုပ်ရှုတ်နေရှာရသည်
ထိုစဥ်အပြင်ကနေခြေသံတခုကိုကြားလိုက်ရပြီး ခြေသံမှာသူ့အခန်းကိုဦးတည်လာတဲ့ပုံရသည် အဲဒီအချိန်မှာပဲ aaron ဟာချက်ချင်းကိုအိပ်ချင်ယောင်ဆောင်နေလိုက်ပြီး
ထိုစဥ်တံခါးဖွင့်သံနဲ့အတူ သူ့အခန်းထဲကိုတစုံတယောက်က်ဝင်လာသည် ကိုသူသတိထားမိလိုက်တယ်"အာရွန် ..... အာရွန် .... "
ဆိုပြီး အိပ်ချိန်ယောင်ဆောင်နေတဲ့ aaron နား နားကနေ ခပ်တိုးတိုးလေးနဲ့ အသံလေးတခုတိုးဝင်လာတယ်
အသံအရ lynn တယောက် aaron ကိုနှိုးဖို့ရောက်လာပုံပါပဲ
"ထတော့လေလို့ ... ကမ်းခြေသွားမှာဆို ... အာရွှန်"
Aaron ပခုံးကိုဖြေးဖြေးလေးလှုပ်ပြီး နှိုးလေသည် သို့သော် Aaron မှာဆက်ပြီး အိပ်ချင်ယောင်ဆောင်နေတုန်းပါပဲ
"အာရွှန် ... ထတော့လေလို့ ... မထရင်တယောက်ထဲထားခဲ့မှာနော်"
ဆိုပြီး lynn မှာဆက်တိုက်နှိုးနေရှာသည် ... နောက်ဆုံး သည်းမခံနိုင်တဲ့အဆုံး
"အာရွန် !!!!! ထတော့ကွာ ! တဖြည်းဖြည်းသွားချင်စိတ်ပါပျောက်တော့မယ်နော်! "
ဆိုပြီးအသံမှာပိုပိုမာလာခဲ့တယ်
Aaron ဟာမထသေး အာ့နောက် lynn ဟာပြန်ဖို့လုပ်ချိန် အိပ်ချင်ယောင်ဆောင်နေတဲ့ aaron မှာ ရုတ်တရက် lynn လက်ကိုလှမ်းဆွဲလိုက်ပြီး
"ဝါးးး ~~ GoodMorning ကိုလင်း "
"တကယ်လာနိုးတာပဲနော် မင်္ဂလာရှိလိုက်တာဗျာ ဒီနေ့မနက်ခင်းလေးက "
"ခုမှပဲ ! ငါမင်းကိုဘယ်လောက်ထိနိုးလိုက်ရတယ်ထင်လဲ? "
"ဘယ်လောက်မို့လို့"
"5နာရီလောက်ကတည်းက အခုအချိန်လည်းကြည့်အုံး"
"အာ... ကိုလင်း ကလည်းစိတ်မဆိုးပါနဲ့ ဆောတီးနော် ဆောတီး ... ကိုကိုကလိမ္မာပါတယ်"
YOU ARE READING
AaronLynn (VNITY) Doujinshi ~~
RomanceP.S Not related with original story or others . It's just Fanfic of Aaron Oo X Lynn Noah Ship from VNITY VIRTUAL IDOL GROUP I'm not good at writing novel just for enjoy~