K entertainment ရဲ့အဆောင်ဘက် ?
စင်္ကြံလမ်းမပေါ်ထင်တယ် ဆံပင်ရွှေဝါရောင်နှင့်အရပ်အလွန်ရှည်သောလူတယောက်ဟာ အခန်းတခုတံခါးနားမှာတခုခုကိုစောင့်နေသလိုပဲ" ကိုလင်း ... ကိုလင်း ..."
ဆိုပြီးတံခါးကိုခေါက်ချိန် အခန်းထဲမှ ဆံပင်အနီရောင်နဲ့လူတယောက်ထွက်လာသည် ထိုသူလည်းအရပ်ရှည်သော်လည်း အပြင်ကလူလောက်တော့မရှည်ပေ တံခါးအမြင့်နဲ့ယှဥ်ရင် 6' လောက်တော့ရှိလောက်မည် အတော်ရှည်သည့်အရပ်ပါ
သို့သော် အပြင်ကလူနဲ့ယှဥ်ရပ်ကြည့်ရင်ထိုလူမှာသေးသွားသလိုခံစားရသည်
"အာရွန်လား ? ဘာကိစ္စရှိလို့လဲ ညဘက်ကြီး? "
"ဒီလိုဗျ ကိုလင်း ... မနက်ဖြန်မနက်...ကျွန်တော်နဲ့အတူကမ်းခြေမသွားချင်ဘူးလားလို့"
"မနက်? မင်းကနိုးလို့လား??"
"ကိုလင်းကလည်းဗျာ .... ကိုလင်းလာနိုးရင်ကျွန်တော်ချက်ချင်းတန်းထနိုင်ပါတယ်ဗျ"
Lynn မှာရီပြီး
"အာကတော့တယ်ချောင်တာပဲနော်"
"မနက်ထမှာဆို ... အခုသွားအိပ်တော့လေ... လာနိုးလို့မှမထရင်ထားခဲ့မှာနော်"
"ဟုတ်ပါပြီ ကိုလင်းကလည်း စိတ်ကြီးပဲ"
"ကျွန်တော်သွားအိပ်ပြီ အာ့ဆို "
"Goodnight ကွာ"
"နှုတ်ဆက်တာကြီးကစိမ်းကားလိုက်တာ"
"ဟ ! ..ဘယ်လိုနှုတ်ဆက်ရမှာလဲအာ့ဆို!"
"Goodnight Kiss လေးနဲ့လေ ဟီးဟီး"
"မဟုတ်သေးဘူး မဟုတ်သေးဘူး အခုအပြင်ကြီးမှာနော်"
"ဘယ်သူမရှိဘူးလေဗျာ ဒီနားတဝိုက်မှာ ကိုလင်း နဲ့ကျွန်တော်နယောက်ထဲပဲ"
"ဒီမှာတော့တကယ်အဆင်မပြေဘူးကွာ"
"အာ့လိုနော် ဒါဆိုကျွန်တော် ကိုလင်းစီက
Goodnight kiss မရမချင်းမပြန်ဘူးဗျာ ဒီမှာပဲရပ်နေမှာ""ဟ! မင်း... ရပ်နေကွာ! အာ့ဆိုလည်း ငါတံခါးပိတ်ပြီ! "
"...."
"တံခါးပိတ်တော့မှာလို့"
"ပိတ်လေ... ဘာလို့ထပ်မေးနေတာလဲ ...ပိတ်ထားလည်းကျွန်တော်က ဒီလိုပဲဆက်ရပ်နေမှာ"
YOU ARE READING
AaronLynn (VNITY) Doujinshi ~~
RomansaP.S Not related with original story or others . It's just Fanfic of Aaron Oo X Lynn Noah Ship from VNITY VIRTUAL IDOL GROUP I'm not good at writing novel just for enjoy~