နတ်သူငယ်မျိုးနွယ်စုတို့နေထိုင်ရာ စိမ်းလန်ခြင်းတောအုပ်ရဲ့ အစွန်..။
ဆောင်းဦးရာသီမှာ အနီရောင်မေပယ်ရွက်တို့ ပြန့်ကြဲကာ လှပနေတတ်သော မေပယ်ပင်တန်းရဲ့ အတွင်းဘက်အကျဆုံး အပိုင်းမှာတော့ တိတ်ဆိတ်နေတဲ့ အိမ်ငယ်လေး တစ်လုံးရှိဧ။် သာယာသော နေရောင်အောက်မှာ တေးသီငှက်တို့ရဲ့ သံစဥ်ကို ခပ်တိုးတိုးညီးနေရင်း မီးဖိုထဲမှာ ပန်းသီးပိုင်မုန့်လုပ်နေရင်း အလုပ်ရှုပ်နေသော မှော်ဆရာလေး ဆောင်ဟွန်း။
သီချင်းညည်းကာဖြင့် ပန်းသီးပိုင်မုန့်ဖြင့်တွဲစားရန် အိမ်အနောက်ဘက်ရှိ ဝိုင်စတိုခန်းသို့ ဝိုင်ဖြူရှာဖွေရန် ထွက်သွားခိုက် ဖွင့်ဟထားသော ပြတင်းပေါက်မှ ပန်းသီးပိုင်မုန့်ရှေ့သို့ လှစ်ခနဲဝင်လာသည့် သစ်ရွက်စိမ်း ရနံ့ရှိသော အစိမ်းရောင်လေးကိုတော့ မမြင်လိုက်ချေ။
ဝိုင်ရှာဖွေနေစဥ်မှာပင် အိမ်ထဲမှ ကျယ်ကျယ်လောင်လောင် အသံအချို့ထွက်ပေါ် လာတာကြောင့် အလျင်အမြန် အိမ်ထဲကိုပြေးဝင်ခဲ့ပေမယ့်လဲ လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးလောက်ကမှ ဖုတ်ထားသော ပန်းသီးပိုင်မုန့်လေးမှာတော့ မြေပြင်ပေါ် သို့ ကျရောက်သွားပြီးဖြစ်သည်။'
လှစ်ခနဲ ပြေးထွက်သွားတဲ့အတွက်ကြောင့် အရိပ်လေးသာ မြင်လိုက်ရပေမယ့် ကျန်နေခဲ့သော သစ်ရွက်စိမ်းရနံ့ကြောင့် ဘယ်သူဘယ်ဝါဆိုတာ နှစ်ခါပင်မတွေးလိုက်ရ။ တစ်ယောက်ထဲသော ကျူးကျော် သူဟာ တောအုပ်ထဲက နတ်သူငယ်အဆိုးအပေးလေးဆိုတာ တပ်အပ်သိလိုက်သည်။
စားပွဲပေါ် တင်ထားသော ဆေးကြိမ်လုံးကိုဆွဲယူလိုက်ပြီး အိမ်အပြင်သို့ထွက်လိုက်ကာ
"ကောင်စုတ်လေး ဂျယ်ယွန်း ဆိုးပေနေတဲ့ကောင်လေး မပြေးနဲ့ အခုထွက်ခဲ့စမ်း"
မှောဆရာလေး ဆောင်ဟွန်းရဲ့ ပုံစံကို ခြံထဲက ပန်းသီးပင်ပေါ် မှာထိုင်နေသော နတ်သူငယ်လေး ဂျယ်ယွန်းမှာတော့ ကြည့်ရင်းပျော် နေလေရဲ့။ သဘောတကျ ရယ်မောသံနဲ့အတူ နူးညံ့တဲ့လေပြေညှင်းကပါ မွှေးပျံ့တဲ့ ပန်းရနံ့တွေကို သယ်ဆောင်လာသည်။
YOU ARE READING
My Mischievous Little Elf
Fanfiction"According to magician's navigating, just stay quite" Five minutes later: "SHIM JAE YUN!" *This is not my own story !*