"ခင်ဗျားကိုစတာက ပိုချစ်လိုပေါ့"
ရှက်ရွံ့မှုတွေ လွှမ်းမိုးထားတဲ့ နတ်သူငယ်လေးရဲ့ ခပ်တိုးတိုးဖြေသံကိုတော့ ဆောင်ဟွန်းမကြားလိုက်မိ။
မကြားလိုက်ဘဲ ဆေးကြိမ်လုံး တရမ်းရမ်းနှင့် စွတ်ဟောက်နေသော ဆောင်ဟွန်းကို ကြည့်ရင်း ဂျယ်ယွန်း စိတ်တိုသွားရပြီး အသံမြှင့်ကာ အော် လိုက်မိတော့သည်။
"ကျွန်တော်က ခင်ဗျားကိုသဘောကျလို့ပါဆို !!"
"သဘောကျလို့အဲ့လိုလုပ်တာ"
ရုတ်တရပ်အကျယ်ကြီး အော် ပြောသံကို ကြားရတာမို့ ဆောင်ဟွန်း အံ့သြသွားရပြီး ပြုံးလိုက်သည်။ ဒီကလေးဆန်တဲ့ကောင်လေးကတော့ သူငယ်ချင်းကို အဲ့လိုဖွဲ့ရတယ်လို့ ဘယ်သူကပြောလဲ တကယ်ပဲ...။
"ဂျယ်ယွန်းနီး ငါကလည်း သေချာပေါက် မင်းကို သဘောကျတာပေါ့"သူက ချစ်စရာကြောင်ပေါက်စခွေးပေါက်စ အကောင်သေးသေးလေးတွေကိုလည်း သဘောကျတာမို့...။
ဒီဆိုးပေလေးသာလိမ်မာသွားမယ်ဆို သူလည်းခင်ခင်မင်မင်ဆက်ဆံပေးလို့ရတယ်ဆိုတာ....။သူဆက်ပြောဖို့လုပ်နေစဥ်မှာပင် အိမ်အနောက်ဘက် ဝိုင်ထားတဲ့နေရာဆီက တဒုတ်ဒုတ် အသံကြားလိုက်ရသည်မို့ အာရုံလွင့်သွားမိသည်။
လွန်ခဲ့တဲ့ တစ်ခေါက် သူငါးမျှားသွားတုန်းက နောက်ကနေ တကောက်ကောက်လိုက်လာခဲ့တဲ့ဥ။ ဝိုင်ခန်းထဲရောက်ကာမှ ငြိမ်သွားခဲ့လို့ သူမေ့မေ့လျော့ လျော့ ရှိနေခဲ့တာ။ဒုက္ခကပဲ ဝိုင်အိုး တွေကွဲကုန်မလားမသိ။ ဒီဥစုတ်ကတော့....
အာရုံမရဖြစ်နေတဲ့ ဆောင်ဟွန်းကတော့ ဂျယ်ယွန်းတစ်ယောက် ဝူးဝူးဝါးဝါး အော်ဟစ်ရင်းအိမ်ထဲကထွက်ပြေးသွားသည်ကိုသာ မြင်လိုက်သည်။
"အားလုံးပဲ ကြားကြရဲ့လား ဟယ်လို.... ဒီမှာနေတဲ့ မှော်ဆရာက ကျွန်တော့် ကိုသဘောကျတယ်တဲ့.. တောအုပ်ထဲက ကြည့်အကောင်းဆုံးနဲ့ အချောဆုံးမှော်ဆရာ ဆောင်ဟွန်းက ကျွန်တော့ချစ်သူပါဗျို့..."
![](https://img.wattpad.com/cover/331505840-288-k252496.jpg)
YOU ARE READING
My Mischievous Little Elf
Fanfiction"According to magician's navigating, just stay quite" Five minutes later: "SHIM JAE YUN!" *This is not my own story !*