Part 20

769 29 0
                                    

"တော်ပြီလားထယ် ဘယ်ဆိုင်သွားဦးမလဲ"

"ထယ် အင်္ကျီလေးလည်းလိုချင်သေးတယ်"

"လာဗျာ သုံးထပ်မြောက်မှာရှိတယ်"

အခုကJeon gpလက်အောက်ကMallတစ်ခုကိုရောက်နေကြတာဖြစ်သည်။Black cardကြီးတကားကားနဲ့ Sugar daddy လုပ်နေတဲ့မောင်က အရင်ကကိုယ်ဝယ်ပေးတာလေးတွေကိုမငြီးမငြူယူတဲ့‌ေကောင်လေးနဲ့လားလားမျှမဆိုင်တော့ပေ။

"ဘာယူမလဲထယ် ရွေးလေ"

"ဟိုဟာအစ်မရေ ကျနော့်ကိုလေ boy wearထဲက ဘောင်းဘီတိုလေးတွေပြပေးပါလား ဟူဒီနဲ့တွဲဝတ်ချင်လို့"

"အမယ်လေး ထယ်ရယ် အတို ဟုတ်လား
မဝတ်ပါနဲ့လားကွာ"

"ဘာလို့တုန်းဂျောင်ကုရဲ့"

"ထယ့်ရဲ့ခြေသလုံးသွယ်သွယ်လေးတွေကိုသူများတွေမြင်ကုန်မှာပေါ့လို့"

"မြင်မြင်ပေါ့ ထယ်ကယောကျာ်းလေးပဲဟာ"

"ထယ်ကလည်း"

"ထယ်ကမလဲဘူး အဲ့ဒါပဲဝတ်မှာ"

"မဝတ်ပါနဲ့ထယ်ရယ် အခြား style pants အရှည်လေးတွေဝတ်ပါလား"

"အဲ့တာပဲဝတ်မှာ မရဘူး"

"ကဲ ပြောမရလည်းသဘောကွာ
ဟိုနားကကော်ဖီဆိုင်မှာစောင့်မယ် ဝယ်ပြီးရင်လိုက်ခဲ့နော်"

ပြောပြီးတာနဲ့ လှည့်ထွက်သွားတဲ့သူ
အရင်ဆိုင်တွေတုန်းကလိုတောင်ရွေးမပေးတော့ဘူး။သဝန်တိုနေတာသိသားပဲ။အခုတော့စိတ်ဆိုးသွားပြီလားမသိ။

"ဟိုအစ်မ ခုနဟာမယူတော့ဘူးနော်"

"အော် ဟုတ်ကဲ့ သခင်လေး"

ထွက်သွားတဲ့သူ့နောက်လိုက်ရပြန်သည်။

"ဂျောင်ကု စိတ်ဆိုးသွားတာလား"

"မဟုတ်ပါဘူး"

"အဲ့ဒါဆိုဘာလို့ထွက်သွားတာလဲ"

"ကိုယ်ရေဆာလာလို့ပါ
ထယ်ကရော ဘာမှမဝယ်ခဲ့ဘူးလား"

"မဝယ်တော့ပါဘူး"

"ထယ်ကြိုက်တယ်မလား ဝယ်လိုက်ပါ"

"ဂျောင်ကုကမဝတ်စေချင်ဘူးမလား"

"မောင်ကထယ်ကြိုက်တာကိုလိုက်ပိတ်ပင်တာမဟုတ်ပါဘူး ပိတ်ပင်ခွင့်လည်းမရှိဘူးလေ ထယ့်ရဲ့ခြေထောက်လေးတွေကို တခြားသူတွေက မကောင်းတဲ့စိတ်တွေနဲ့ ကြည့်ကြမှာမလိုလားလို့ပါ"

💚Casual love💚(Complete)Where stories live. Discover now