High Note

1.1K 23 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

"P'Tepp P'Tepp"

"ဗျ"

ဒီနေ့လည်းကျောင်းပြေးပြီး Jeff ဆီရောက်လာတဲ့ကလေးက ထွေထွေထူးထူးလုပ်စရာမရှိပါပဲ Jeff ပေါင်ပေါ်လှဲရင်းသီချင်းနားထောင်ရတာသဘောခွေ့‌ေနသည်။
အခုလည်း Jeff ရဲ့သီချင်းတွေကို ထပ်တလဲလဲနားထောင်ရင်း

"High notes တွေကို ဘယ်‌ေလာက်ထိလေ့ကျင့်ခဲ့တာလဲ P'Tepp ကျွန်တော်အထင်မကြီးပဲမနေနိုင်ဘူးဗျာ"

ကလေးငယ်အတွက် မိမိကစံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေတာ မှန်သည်။ အခုလည်းကလေးလေးတစ်ယောက် အသစ်အဆန်းတစ်ခုမြင်ရကြားရသလို မော့ပြီးမေးသည်။

"ထပ်ခါထပ်ခါလေ့ကျင့်ခဲ့တာပေါ့၊ အရမ်းခက်တယ်၊ အဲ့တုန်းက အိမ်နီးနားချင်းတွေကတောင် အိမ်မှာ ကလေးသူငယ်ညှင်းပန်းနှိပ်စက်တာတွေရှိနေလားဆိုပြီး မေးယူရတဲ့အထိပဲ၊ ကိုယ်လည်း အသံတွေနာကောလေ"

"အိုးဟို၊ မိုက်တယ်၊ ကျွန်တော့်ကိုလည်းသင်ပေးပါလား"

"ကလေးက high note သင်ချင်တာလား"

"အွန်း အွန်း"

ကလေးငယ်က Jeff ပေါင်ပေါ်လှဲအိပ်နေရင်းပင် ခေါင်းတဆတ်ဆတ်ညိတ်ရင်း တက်ကြွစွာဆိုသည်။

Jeff က မျက်မှောင်ကြုတ်၊ မျက်လုံးကိုလှန်ကာ နှုတ်ခမ်းတစ်ဖက်ပင့်တင်လိုက်ပြီး

"High note ဆိုဖို့အတွက်ဆို အသက်ရှူပုံက အရမ်းအရေးကြီးတယ်"

"Aoww အသက်ကရှူနေရတာပဲလေ၊ ရှူး ရှူး"

နှုတ်ခမ်းလေးထော်ပြီး အသက်ပါရှူပြနေပြီ 😗

"မဟုတ်ဘူးကလေးရဲ့ မှန်ကန်တဲ့အသက်ရှူနည်းဆိုတာရှိတယ်"

JeffBarcode Little SpaceWhere stories live. Discover now