Unicode
"Hey"
"အမေ့!"
အနောက်ကနေပွေ့ဖက်ခံရခြင်းနှင့်အတူ အသားကျနေတဲ့အငွေ့အသက်လေးကကပ်ပါလာပေမယ့် ခါတိုင်းလို private place မှာမဟုတ်၊ ရိုက်ကွင်းမှာဖြစ်တာကြောင့် Barcode တစ်ယောက် လန့်ဖျတ်သွား၏။
ရိုက်ကွင်းဆိုပေမယ့် wuju bakery ရဲ့ kitchen place ဖြစ်နေပြီး ရိုက်ကူးရေး staff များနှင့် တခြား casts များသည်ကား ဆိုင်ရဲ့ customer များ စားသုံးသည့် နေရာနား တစ်ဝိုက် မှာသာ ရှိနေကြလို့ပင်တော်သေး၏။
"P'Tepp ဘာလုပ်တာလဲ ရိုက်ကွင်းကြီးမှာလေ၊ သူများတွေမြင်ကုန်တော့မှာပဲ"
လက်ထဲက Croissant ကို ပြုတ်မကျအောင်ထိန်းရင်း ပျာပျာသလဲ သတိပေးရသည်။
နှစ်ယောက်တည်းရှိတဲ့အချိန်မျိုးမှာဆို ဒီလိုအပြုအမူမျိုးက ပြောစရာမရှိပေမယ့် ရိုက်ကွင်းလိုနေရာမျိုးကျတော့ နှစ်ယောက်လုံးသတိထားရမည်သာ။
"ခဏလေးပါ အားဖြည့်ချင်လို့ အူးမွ အွန်း အွန်း"
27 နှစ်သားကြီးဟာ 18 သားလေးရဲ့ ဂုတ်ပိုးနဲ့ ဆံပင်တို့ကို ခွေးပေါက်လေးသဖွယ် နမ်းရှုတ်နေသည်။
"ဘာအတွက်အားဖြည့်တာ?"
"ခဏနေရိုက် မယ့် scene က ၀မ်းနည်းဖို့ကောင်းတယ်"
"Awwn P' တစ်ယောက်တည်းနော်?"
"ဟုတ်တယ်လေ၊ အဲ့ scene ကိုရိုက်ဖို့အတွက် မင်းကိုအများကြီး လွမ်းနေမှဖြစ်မှာ ငတုံးလေးရဲ့"
"Awoo အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ"
"နောက် ၁၅ မိနစ်နေလို့ shooting စတဲ့အခါ လွန်ခဲ့တဲ့ ၁၅ မိနစ်က Ngod နဲ့အတူရှိခဲ့တဲ့အချိန်ကို လွမ်းရင် ကိုယ် ၀မ်းနည်းရမယ်ထင်တယ်"
YOU ARE READING
JeffBarcode Little Space
FanfictionI will write short fictional moments of JeffBarcode based on my favourite fan arts and some real life moments in both Burmese and English Language. *** 𝗜 𝗱𝗼 𝗻𝗼𝘁 𝗼𝘄𝗻 𝗮𝗻𝘆 𝗼𝗳 𝘁𝗵𝗲 𝗳𝗮𝗻 𝗮𝗿𝘁 𝗜 𝘂𝘀𝗲 𝗶𝗻 𝘁𝗵𝗶𝘀 𝘀𝘁𝗼𝗿𝘆. 𝗘𝗮𝗰...