Halloween Party

192 9 2
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

SOS staff တချို့နဲ့ CEO ဖြစ်သူရယ် သူ့ရင်းနှီးရာ အသိုင်းအ၀န်း အနည်းအကျင်းသာ ပါ၀င်ဆင်နွှဲကြတဲ့ SOS Private Halloween Party တွင်ဖြစ်သည်။

အနည်းအကျဉ်းသာရှိပေမယ့် Jeff က သူ့၀န်ထမ်းတွေကို အတော်လေးဂရုစိုက်သည်။ ဒါ‌ကြောင့်လည်း အခုလို private party လေးဖန်တီးကာပျော်စေခြင်းဖြစ်၏။

"ဝူး ဝူး ဟားဟားဟား"

Staff တွေကြားထဲမှာ အချစ်ခံလေးဖြစ်နေရှာသော ကလေးငယ်မှာ ယမကာလေး မဆိုစလောက်၀င်သွားပြီးသည့်နောက် ကွေးနေအောင်ကတော့သည်။ သူကနေသည်ကို ပါတီလာ ဧည့်သည်တို့က ဝိုင်းကြည့်ကာလက်ခုပ်တီးကြသည်။ ဒါကို Jeff က မလှမ်းမကမ်းက ကြည့်ကာ ပြုံးနေလေသည်။

"အား နောက်တစ်ခွက်ထပ်ပေးပါ"

ထုံးစံအတိုင်း Jeff က အချိုရည်ပဲသောက်တာမို့ Barcode ဘယ်လောက်မူးမူး Jeff ရဲ့ Control အောက်မှာပဲ ရှိနေနိုင်သည်။ ဒါကြောင့်လည်း သောက်ခွင့်ပေးထားခြင်းဖြစ်၏။

"အူး ဝူး၊ မိုက်တယ်ဗျို့"

"Barcode, အရမ်းမူးနေပြီထင်တယ်နော်"

"မမူး......ပါဘူး....... ကျွန်တော်......မမူးသေးဘူး......ဟားဟား......."

အချိန်ကြာလာတာနဲ့အမျှ ယိုင်ထိုးယိုင်ထိုးဖြစ်လာတဲ့ Barcode ကို ဒီတိုင်းကြည့်မနေကြတော့ပဲ ထပ်မသောက်ဖို့သာတားနေကြသည်။ Barcode မှာ ထိုသူများကြားတွင် ကမ္ဘာကြီးချာချာလည်ကာ ကြမ်းပြင်ပေါ်လဲကျသွားသည်။

"ဟဲ့လုပ်ဦး လုပ်ဦး ကလေးက သောက်နိုင်တာမဟုတ်ဘူး၊ အိမ်ပြန်လိုက်ပို့ရမယ်"

"ကျွန်တော်လိုက်ပို့လိုက်ပါမယ်"

ချာချာလည်နေတဲ့အမြင်အာရုံကိုမှိတ်ပစ်လိုက်ပေမယ့် ဆူညံသံတွေကြားက သူသိပ်ကိုရင်းနှီးတဲ့အသံကိုတော့ သဲ့သဲ့ကြားရသည်။

JeffBarcode Little SpaceWhere stories live. Discover now