အပိုင်း(3)

183 23 4
                                    

Unicode
🎵I Say Fuck it When I feeling
Cause No one Keeping Tally
When I want it who I Like🎵

ကားစက်နိှုးရန်ပြင်နေသော Ji Ji၏လက်တစ်စုံမှာ Ringtoneမြည်လာသော Phone Screen ၏Contectကြောင့် မျက္မှောင်ကြုံကာ အလိုမကျစွာ ဖုန်းကိုင်လိုက်သည်။
အခြားလူမဟုတ်...ချုပ်ချယ်တင်းကြပ်လွန်းသောအဘွားဖြစ်သူထံကဆက်သွယ်လာသောဖုန်း....

"Hello အဘွား ဒီချိန်ကြီးဆက်လာတာ ဘာ ကိစ္စရိှလို့လဲ"

"အဘွားအိမ်ကိုအခုလာခဲ့ အရေးကြီးပြောစရာကိစ္စရိှတယ် Ji Ji"

"ဒါပေမယ့် Ji Ji အလုပ်များနေတယ်လေ အခုမအားလို့မလာနိုင်ဘူးထင်တယ်"

"စောင့်နေမယ် ဆက်ဆက်လာခဲ့"

ပြောချင်တာပြောပြီးချပစ်သောအဘွား​....
အလုပ်မအားတာထက် အဘွားနဲ့မတွေ့ချင်တာကို Ji Ji ၀န်ခံပါသည်။
အဘွားနဲ့တွေ့ရင်ပြောမယ့်စကားတွေကို အလွတ်ရပြီးသားလေ ....
အိမ်ထောင်ပြုပြီး မိန်းကလေးပီပီ အိမ်မှုကိစ္စကိုပဲတာဝန်ယူကာ အလုပ်မလုပ်ဖို့တားသောအကြောင်းများသာ ...
ပြီးတော့ မျိုးဆက္မပျက်အောင်လည်း ​မြေးမြစ်ချီချင်သေးသည်တဲ့...
ခက်တာက Ji Ji ကအဲ့လိုကိစ္စတွေကိုခေါင်းထဲမထည့်ချင်သေး။ပြီးတော့ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်နေတဲ့မိန်းမသားတွေမှအများကြီး။အိမ်မှာနေပြီး ကလေးထိန်း အိမ်မှုကိစ္စလုပ် ခင်ပွန်းရှာသမျှသုံးဖို့က Ji Ji လိုအလုပ်ကိုချစ်သူအဖို့အလွန်​ေ၀းသည်။

သို့သော် မောင်းနှင်ရာဉီးတည်ချက်က အဘွားအိမ်ကိုပဲဖြစ်သည်။Ji Ji မှမသွားရင် အိမ်ထိလိုက်လာတဲ့အထိ အဘွားကစိတ်မြန်သည်။

"ရောက်ပြီအဘွား ဘာပြောဉီးမလို့လဲ အရင်ကိစ္စပဲဆိုရင်တော့ အဖြေကမပြောင်းလဲသွားဘူးနော်"

"Ji Ji သမီးဘဝကအလုပ်နဲ့ပဲကုန်ဆုံးတော့မှာလား အဲ့အလုပ်ကသမီးရဲ့ဘဝအချိန်ကိုဆွဲယူသွားတယ်ဆိုတာကော သိရဲ့လား ပြီးတော့ ကုမ္မဏီကလည်းအခြေအနေဆိုးနေတယ်ဆို ကြည့်ရတာ ငါးနှစ်မပြည့်ခင်ပဲပိတ်ရမယ့်အနေအထားမျိုး ခေါင်းမာမနေစမ်းနဲ့ အဘွားပြောသလို ကုမ္မဏီကိုနားလိုက်ပြီး Jung Hae In နဲ့အမြန်ဆုံးလက်ထပ်လိုက် ဒါမှအဘွားလည်း စိတ်အေးရမှာ"

I'm Your BossWhere stories live. Discover now