- One Short - လူကြီးမင်း ဝမ်

10.3K 642 71
                                    

" ရှောင်ကျန့် .....ရှောင်ကျန့်! ! "

ဟန်ရှင်း တစ်ယောက် အိမ် ကို အော်ကြီး ဟစ်ကျယ် နဲ့ ဝင်လာတယ် ။

" ဟဲ့....ဘာဖြစ်လာတာ လဲ ၊ သားကျန့် က ခေါင်းကိုက် နေလို့ သူ့အခန်းမှာ အိပ်နေတယ် "

" ဟို...ကျွန်တော် အရေးကြီး ပြောစရာရှိလို့ ပါ "

" အကြီး ကို ပြောခဲ့...."

" ရတယ် အကြီး ၊ ကျွန်တော် အပေါ်တက်သွား လိုက်မယ် "

သူ့ စကားတောင် မဆုံးသေး ဘူး အပေါ် ပြေးတက်သွား တဲ့ လူလေး ကို ကြည့် ပီး ရှောင်မား သက်ပျင်းဖွဖွ ကို ချလိုက်တယ် ။

" ဒုန်း..!! ရှောင်ကျန့် "

အခန်း ထဲ လောကြီးသုတ် ပြာ ဝင်လာ တဲ့ ဟန်ရှင်းကြောင့် အိပ်နေတဲ့ ရှောင်ကျန့် ခဗျာ ခေါင်းတောင် ကျိမ်းသွား ရသည် ။

" သေတော့ မလို လား...အဲလောက် အော် နေတာ "

" အော်....ငါ က မင်း အတွက် သတင်းကောင်း သယ် လာတာ "

" ဟမ်...ဘာသတင်း..? "

" ပြည်နယ်ခမ်းမ ဆောက်ဖို့ ငါတို့ ရပ်ကွက် ထိပ် က အဆောက်အုံပျက်ကြီး မှာ အခု မြို့အုပ်မင်း ရောက် နေတယ် "

" ဘာ...!! တကယ် ၊ သွားရအောင် မြန်မြန် "

မြို့အုပ်မင်း..? မြို့အုပ်မင်း ဆို တာ ရှောင်ကျန့် ရဲ့ အသဲစွဲ မြို့အုပ်မင်းဝမ် ကို ပြောတာ ။
ဒီမြို့ ကို ပြောင်းလာ တာ 3လ လောက်ပဲ ရှိသေးတာ ။
တခြား မြို့အုပ်တွေ လို အသက်ကြီးကြီး မဟုတ်ဘဲ အသက် က သူ့ထက်တောင် ငယ်သေးတယ် ။ အခုမှ 25 ပဲ ရှိသေးတာ ၊ ပြောရဉီးမယ် ဆို အိမ်ထောင် လဲ မရှိဘူး ဒီမြို့ က မိန်းကလေး တွေ အားလုံး အတွက်တော့ သဲသဲလှုပ် ပေါ့ ။
အသိုင်းဝိုင်း ကြီး က မိန်းကလေး တွေ ဆို သူ့ထက်ငါ အပြိုင် ကို မြို့အုပ်မင်း အနား ကပ်နေကြတာ ။

မြို့အုပ်မင်းဝမ် က အသဲနှလုံး မရှိသူ ဟု သတင်းတွေ က ထွက်လာပြန် သည်။

3လတောင် ရှိပီ ဒီမြို့ မှာ ဒီလောက် လှပတဲ့ မိန်းမပျိုလေး တွေ ရှိတာ တစ်ယောက် မှ မြို့အုပ်မင်းဝမ် ရဲ့ နှလုံးသား ကို ရယူနိုင်သေးပုံ မပေါ် ဘူး ။

လူကြီးမင်း ဝမ်Where stories live. Discover now