1

32 7 4
                                    

" မနေ့ကဆရာမအိမ်စာပေးလိုက်တဲ့စာ
တွေပြီးသွားကြပြီမှတ်လားအခုငါ့စီမှာ
လာထပ်ကြ ! "

" ဟာ ! "

အတန်းခေါင်းဆောင်ရဲ့အော်သံအဆုံး
စာမပြီးသေးတဲ့သူတစ်ချို့ကစိတ်ပျက်စွာညီးညူကြသည်

' ကျစ်လုပ်ပြန်ပြီကွာ  '

သူ့ဘေးခုံကနေထွက်လာသောအသံတိုးတိုးလေးကိုဆောနူကြားဖြစ်အောင်
ကြားလိုက်ပါသေးသည်။

ဆောနူကအတန်းထဲမှာအနေအေး‌
သော်လဲဖော်ရွေတဲ့သူတစ်ယောက်ဖြစ်သည်စာမှာလဲအရမ်းမတော်သလိုအရမ်းလဲမညံ့ပေအကုန်လုံးကသာမန်ပင်သို့သော်ချစ်စရာရုပ်ရည်
အသွင်အပြင်ကြောင့်သဘောကျသူအနည်းအများတော့ရှိကြသည် ။

" ဆောနူ စာပြီးသွားပြီလား "

" အင်းပြီးပြီ "

အတန်းခေါင်းဆောင်တစ်ဖြစ်လဲသူ၏အခင်ဆုံးသူငယ်ချင်း
ဂျောင်ဝန်းကိုပြန်ဖြေလိုက်သည်

" အဲ့တာဆိုဒီစာအုပ်တွေရုံးခန်းသွားပေး
ရမှာမို့ငါ့ကိုကူသယ်ပေး "

" လုပ်ပြီ ဒီကိုတစ်ဝက်ပေးလေ "

ဆောနူကပြုံးပြရင်းပြန်ဖြေသည်။

" ဒါနဲ့ဆောနူ မင်းသိလားမင်းပြုံးလိုက်
ရင်ပါးနှစ်ဖက်က‌စတော်ဘယ်ရီလုံးလေးတွေလိုပဲရဲရဲလေးတွေ "

ဂျောင်ဝန်း၏ပြောစကားကြောင့်ဆောနူ
ရယ်မိသည်ဒီစကားကို‌ဂျောင်ဝန်းအပြင်တစ်ခြားသူ‌တွေစီကပါသူခနခနကြားရတတ်သည်

ပါးမို့မို့လေးတွေပေါ်တဲ့အထိပြုံးကာ
စာအုပ်တွေကူသယ်ရင်းစကားပြောနေသောသူ့ကိုတစ်စုံတစ်ယောက်ကမြတ်
နိုးစွာကြည့်နေခဲ့သည်ကိုတော့ဆောနူမသိလိုက်

>>>>>

‌ဒီနေ့ဆောနူကျောင်းကိုစောစောရောက်
နေခဲ့သည် ဘာရယ်လို့မဟုတ်ပါဘူး
အိမ်မှာရှိတဲ့သူတွေကခရီးသွားတာမို့
ဆောနူတစ်ယောက်ထဲဖြစ်နေတာရယ်ကြောင့်ပါ

လက်ထဲမှာကိုင်ထားတဲ့ပေါင်မုန့်တစ်လုံးရယ်စတော်ဘယ်ရီနို့တစ်ဘူးက
တော့သူ့အတွက်မနက်စာပင်

The Way I Love UWhere stories live. Discover now