U
ဆောနူဒီနေ့နီခီနဲ့တွေ့ဖို့အရမ်းတွေစိတ်လှုပ်ရှားနေမိသည်ဒါပေမဲ့သူကနီခီကို
ကြိုက်လို့လုံးဝမဟုတ်ရပါဘူးနောနီခီလိုအမြဲတမ်းရန်ဖြစ်နေတဲ့ကျောင်းလူဆိုးကိုသူကလုံးဝမကြိုက်ပါဘူးဆောနူကပေါ့ပေါ့ပါးပါးဖြစ်မဲ့ဟူဒီတစ်ထည်ကိုဂျင်းနဲ့သာတွဲဖက်ဝတ်ဆင်ထား
သည် ဘာပဲဖြစ်ဖြစ်သူကချောပြီးသားပဲ
လေပြင်ဆင်နေစရာမှမလိုတာ ။ဆောနူအောက်ကိုဆင်းသွားလိုက်တော့ခြံရှေ့မှာကားကိုမှီကာရပ်နေသောနီခီကို
တွေ့လိုက်ရသည် နီခီကall blackကိုဝတ်ဆင်ထားပြီးအရမ်းတွေကြည့်ကောင်းနေသလိုပဲတစ်ကယ်တော့နီခီကို
ကျောင်းဝတ်စုံမဟုတ်ဘဲအပြင်ဝတ်စုံနဲ့ပထမဆုံးမြင်ဖူးတာမို့လဲဖြစ်နိုင်သည်
ဟုတ်ပါတယ်လေ နီခီလိုရုပ်ချောပြီး
ချမ်းသာတဲ့သူဌေးသားလေးကိုမိန်းကလေးတွေသဲသဲစွဲဖြစ်နေတာမဆန်းပါဘူးလေ ပြီးမှဆောနူသတိရသွားတာကသူကအခုနီခီနဲ့ယှဉ်လိုက်တော့
လုံးဝကလေးလိုဖြစ်သွားတာကို အား!!!
သိရင်နည်းနည်းပါးပါးပြင်ဆင်လာခဲ့ပါတယ် အခုချိန်မှအိမ်ထဲပြန်ပြေးဝင်လိုက်လို့လဲမရတာမို့ဆောနူနီခီဆီကိုသာ
လျှောက်သွားလိုက်သည်" နီခီ စောင့်နေရတာကြာသွားပြီလား "
" ဟင့်အင်း မကြာပါဘူးဆောနူရဲ့ဒါဆိုသွားကြတော့မလား "
" အင်း သွားမယ်လေ "
" ကိုယ်တို့busနဲ့ပဲသွားကြမယ်နောဒါမှကိုယ်တို့ဒိတ်ကရင်ခုန်ဖို့ကောင်းနေမှာလေ "
" နောက်ဆုံးစကားကိုနားနားကပ်ပြောလိုက်တာကြောင့်ဆောနူမျက်နှာရဲကနဲ"
" အင်း သွား..သွားမယ်လေ "
အရှေ့ကနေလုံးလုံးလေးထွက်သွားသောဆောနူကိုကြည့်ပြီးနီခီအူယားစွာရယ်မိသည် ဘာလို့အဲ့လောက်ထိချစ်ဖို့ကောင်းနေရတာလဲကွာ
Busကားဂိတ်ရောက်တဲ့အထိဆောနူက
နီခီကိုစကားမပြောမျက်နှာလေးကလဲ
ရဲရဲလေးရယ်ပါ ကားပေါ်တက်တော့လူ
မကြပ်ပေမဲ့ခုံကမရှိတော့ထို့ကြောင့်
မတ်တပ်ရပ်ပြီးသာစီးလိုက်ရသည်
ပြဿနာကကားပေါ်ကလူတစ်ယောက်ကဆောနူကိုသာစူးစိုက်ကြည့်နေပြီးဆောနူကိုအသားယူဖို့လုပ်နေသည်နီခီကတော့တစ်ဖက်ဘေးကနေမို့မသိလိုက်ထိုအချိန်လက်သေးသေးလေးကနီခီအင်္ကျီစလေးလာဆွဲတာမို့နီခီလှည့်
ကြည့်လိုက်တော့ဆောနူကအသံသေးသေးလေးဖြင့်