" မနေ့ကဆရာမအိမ်စာပေးလိုက်တဲ့စာ
တွေပြီးသွားကြပြီမှတ်လားအခုငါ့စီမှာ
လာထပ်ကြ ! "" ဟာ ! "
အတန်းခေါင်းဆောင်ရဲ့အော်သံအဆုံး
စာမပြီးသေးတဲ့သူတစ်ချို့ကစိတ်ပျက်စွာညီးညူကြသည်' ကျစ်လုပ်ပြန်ပြီကွာ '
သူ့ဘေးခုံကနေထွက်လာသောအသံတိုးတိုးလေးကိုဆောနူကြားဖြစ်အောင်
ကြားလိုက်ပါသေးသည်။ဆောနူကအတန်းထဲမှာအနေအေး
သော်လဲဖော်ရွေတဲ့သူတစ်ယောက်ဖြစ်သည်စာမှာလဲအရမ်းမတော်သလိုအရမ်းလဲမညံ့ပေအကုန်လုံးကသာမန်ပင်သို့သော်ချစ်စရာရုပ်ရည်
အသွင်အပြင်ကြောင့်သဘောကျသူအနည်းအများတော့ရှိကြသည် ။" ဆောနူ စာပြီးသွားပြီလား "
" အင်းပြီးပြီ "
အတန်းခေါင်းဆောင်တစ်ဖြစ်လဲသူ၏အခင်ဆုံးသူငယ်ချင်း
ဂျောင်ဝန်းကိုပြန်ဖြေလိုက်သည်" အဲ့တာဆိုဒီစာအုပ်တွေရုံးခန်းသွားပေး
ရမှာမို့ငါ့ကိုကူသယ်ပေး "" လုပ်ပြီ ဒီကိုတစ်ဝက်ပေးလေ "
ဆောနူကပြုံးပြရင်းပြန်ဖြေသည်။
" ဒါနဲ့ဆောနူ မင်းသိလားမင်းပြုံးလိုက်
ရင်ပါးနှစ်ဖက်ကစတော်ဘယ်ရီလုံးလေးတွေလိုပဲရဲရဲလေးတွေ "ဂျောင်ဝန်း၏ပြောစကားကြောင့်ဆောနူ
ရယ်မိသည်ဒီစကားကိုဂျောင်ဝန်းအပြင်တစ်ခြားသူတွေစီကပါသူခနခနကြားရတတ်သည်ပါးမို့မို့လေးတွေပေါ်တဲ့အထိပြုံးကာ
စာအုပ်တွေကူသယ်ရင်းစကားပြောနေသောသူ့ကိုတစ်စုံတစ်ယောက်ကမြတ်
နိုးစွာကြည့်နေခဲ့သည်ကိုတော့ဆောနူမသိလိုက်>>>>>
ဒီနေ့ဆောနူကျောင်းကိုစောစောရောက်
နေခဲ့သည် ဘာရယ်လို့မဟုတ်ပါဘူး
အိမ်မှာရှိတဲ့သူတွေကခရီးသွားတာမို့
ဆောနူတစ်ယောက်ထဲဖြစ်နေတာရယ်ကြောင့်ပါလက်ထဲမှာကိုင်ထားတဲ့ပေါင်မုန့်တစ်လုံးရယ်စတော်ဘယ်ရီနို့တစ်ဘူးက
တော့သူ့အတွက်မနက်စာပင်