Unicode
မြန်မာနိုင်ငံရှိ Top 10 ဝင် ဒိတ်ဒိတ်ကြဲ သူဌေး ဇန်မင်းပိုင် ဆိုသူက အသက် 17 နှစ်ကတည်းကနေ အခု အသက် 23 နှစ် အထိ စီးပွားရေးကို လုပ်လာခဲ့တာတော်တော်ကြာပြီ ။ အသက်ငယ်လည်းငယ် ပြီးတော့ အချမ်းသာဆုံးဆိုတော့ စီးပွားရေးလုပ်ငန်း ရှင် တို့တွေ နဲ့ ရှယ်ရာရှင် တို့တွေက သူတို့ရဲ့ သမီးတွေ တူမ တွေနဲ့ ပေးစားဖို့ ကို မျက်စိကြနေကြတာပေါ့ ။ ဇန်မင်းပိုင်ကငယ်ငယ်ကတည်းက နေအခုထိအလုပ်တွေဘဲလုပ်လာတော့ သူ့အတွက် " ပျော်ရွှင်ခြင်း နဲ့ ချစ်ခြင်း ဆိုတာ သူ့ဘဝ ထဲကိုဝင် လာမဲ့ ကိုယ်ပိုင် အလင်းရောင် လေး သယ်ဆောင် လာမဲ့ ကောင်လေး " မရောက်လာခင်အထိတော့ သူဟာ " ပျော်ရွှင်ခြင်း နဲ့ ချစ်ခြင်း " ကိုမသိသေးတဲ့သူပေါ့ ။ လက်ထောက်အတွင်းရေးမှူး ကိုသော် ရောက်လာပြီး ceo စုံစမ်းခိုင်း တာသိရပါပြီ ။ ကိုသော်တာ ထိုင်ပါ အုံး ဟုတ် ceo ။ စုံစမ်းခိုင်းထားတာက ဒီမှာပါ ceo စုံစမ်းခိုင်း ထား တာပါ ။ အတွင်းရေးမှူး ကိုသော်တာ ပေးလာတဲ့ ဖိုင်တွဲ ကိုယူကြည့်ရင်း ကောင်လေး နာမည်က ပိုးကြူးသွင် အမေ တစ်ခု သားတစ်ခု စီးပွားရေးကမဆိုးဘူးချောင်လည်တယ် အမေက အထည်ဆိုင်လေးဖွင့်ထားတယ် ပိုးကြူးသွင် က eco နဲ့ ဘွဲ့ရထားတာ သိပ်မကြာသေးဘူး အခု အချိန်ပိုင်းအနေ နဲ့ coffee shop လေးတစ်ခုမှာ ဝင်လုပ်နေတယ် မကြာသေးခင်အချိန်ကကုမ္မဏီ တစ်ခု မှာအင်တာဗျူးဖြေထားတယ် ကောင်လေးအင်တာဗျူးဖြေထားတဲ့ ကုမ္မဏီ နာမည် ကိုကြည့်လိုက်တော့ " Zen " ဆိုတဲ့ ကုမ္မဏီ လို့မြင်ရော သူ့ကုမ္မဏီ ဖြစ်နေ တာကြောင့် ဇန်မင်းပိုင် မှာတော်တော်လေးကိုပျော်သွားတယ်။ လွန်ခဲ့သော် 2 လလောက်က သူငယ်ချင်း နဲ့ ညနေစာ စားပြီး ကုမ္မဏီ ကိုအပြန် လမ်း အချိုးကွေ့တစ်နေရာအရောက် ကားရှေ့မှာမူးလဲ ကျသွားတဲ့ အန်တီကြီး တစ်ယောက် ကို ကိုသော် နဲ့ ကားပေါ်မတင်ပြီး အနီးအနား ကဆေးခန်းမှ ခဏတင်ထားရင်း အန်တီကြီး သတိပြန်ရလာတာကိုစောင့်ကြည့်နေရင်း ကိုသော် ကို အန်တီ ကြီးသတ်ိရလာရင် ရုံးမပြန်တော့ ဘူး အိမ်ကိုဘဲတန်းပြန်မယ် အခုတော့ ရုံးကိုပြန်မလာတော့ဘူးလို့ ဒုအတွင်းရေးမှူးကိုလှမ်းပြောလိုက်အုံးလို့ပြောလိုက်တယ်။ ခဏအကြာမှာတော့ အန်တီကြီးသတိပြန်ရ လာခဲ့တယ် ။ အန်တီ ဘယ်ကိုရောက်နေတာလဲ ပြီးတော့ ဒီက ငါ့တူကြီးတို့ကရောဘယ်သူလဲ ကွဲ့ ။ ဟုတ်ကဲ့လကျွန်တော့် နာမည် က ဇန်မင်းပိုင်ပါ ဒီတစ်ယောက် ကတော့ ကျွန်တော့်ရဲ့ လက်ထောက်အတွင်းရေးမှူး ကိုသော်ပါ အန်တီက အခုဆေးခန်းမှာပါ ကျွန်တော် တို့ကားအရှေ့မှာ မူးလဲသွားလို့အန်တီ ကိုဆေးရုံ လိုက်ပို့ထားတာပါ။ အော် ကျေးဇူး ပါငါ့တူတို့အန်တီနာမည်လည်းမှတ် ထားကြအုံး အန်တီ့နာမည်က ဒေါ်ပိုးနွယ် ကွဲ့။ အန်တီဘယ်လိုနေသေး လဲ သက်သာလား ။ သက်သာပါတယ် ငါ့တုတို့ရယ် ။ အဲ့တာဆိုအန်တီခဏ နော် ဆရာဝန်သွားခေါ်လိုက်အုံးမယ်။ ခဏအကြာ ဆရာဝန်ရောက်လာပြီးတော့ စစ်ဆေးပြီ လူနာသက်ရင်ပြန်လို့ရပါပြီ။ ဟုတ်ကဲ့ပါ ဆရာ။အန်တီ ကိုကျွန်တော်တို့ပြန်လိုက်ပို့ပေးပါ့ မယ်။ ခဏအကြာ ရောက်ပြီသား ဒီအိမ်ဘဲ ။ ကားပေါ်ကနေဆင်းလာကြပြီး သားတို့ခဏနော် ။ဟုတ် အန်တီ ။ သားရေ သားရေ ခြံတံခါးလာ ဖွင့်ပေးပါ အုံး။ ဟုတ် လာပြီအမေ ။ ခြံတံခါးလာဖွင့်ပေးတဲ့ကောင်လေးကို ငေးကြည့်ရင်း နှလုံးသား လေးကို လှိုင်းလေးတစ်ခုကဝင်ရောက်ဖြတ်သန်းသွားခဲ့တယ်။ နှလုံးသားထဲကိုဖြတ်သန်းသွားတဲ့ လှိုင်းလေး ကို အကြောင်းကိုတွေးရင်း ဒါဟာသူများတွေပြောပြောနေတဲ့ " မြင်မြင်ခြင်း အချစ် " လားမသိဘူး ။ သားတို့အိမ်ထဲဝင်ပါအုံး အန်တီအအေးလေး တိုက်ချင်လို့ပါ ။ ကျွန်တော်တွေး နေရင်း အန်တီစကားပြန်ပြောတော့မှ အတွေးလည်းရပ်သွားတော့တယ်။ ရပါတယ် အန်တီ ကျွန်တော်တို့ မဝင်တော့ဘူး ကိစ္စ လေးရှိသေးလို့ပါ ခွင့်ပြုပါ အုံးနော် အန်တီ။ ဒီလို နဲ့ 2ရက်အကြာမှာ အလုပ်ကိစ္စ ဆွေးနွေးပြီးလို့အပြန် coffee shop လေး တစ်ဆိုင်တွေ့လို့ ကားရပ်ပြီး အထဲကိုဝင်လာခဲ့တယ် ။ ဆိုင်ထဲရောက်တော့ ထောင့်ကျ တဲ့နေရာလေးမှာနေရာယူပြီး တာနဲ့ ဆိုင် ဝန်ထမ်းကောင်လေးရောက်လာတယ်။ ကျွန်တော်လည်းအကိုဘာမှာ မှလဲလို့မေးပြီး သေချာကြည့်လိုက်တော့ ဟိုနေ့ကအမေကိုလိုက်ပို့ပေးတဲ့အကိုမှလားလို့ မေးလိုက်တော့။ အကိုက ဟုတ်ပါတယ်ညီ ။ ဟိုနေ့ ကအကို့ကိုသေချာကျေးဇူးမတင်ဖြစ်လိုက်ဘူး ကျေးဇူးပါနော် အကို အမေ့ ကိုကူညီပေးတဲ့အတွက် ။ ရပါတယ် ညီ။ အကို့ကို ကော်ဖီ တစ်ခွက်ဘဲ ပေးပါ ။ ဟုတ် ။ ခဏအကြာကော်ဖီခွက် ပြန် လာပို့ပြီး ပြန်ထွက်သွား တဲ့ကောင်လေးရဲ့ ကျောပြင်ကို ငေးကြည့်နေရင်း ငါကောင်လေးကိုတကယ် ချစ်မိသွားပြီ ထင်တယ် ။(ဇန်မင်းပိုင် မသိလိုက်တာက ကောင်းလေးလည်းသူ့ကိုကြိုက်နေပြီဆိုတာ ကိုဘဲ ) တစ်ဖက်မှာလည်း အကို ကချောလိုက်တာ ပြီးတော့ သဘောလည်းကောင်းတယ် ။ ငါ့ ကိုဟိုနေ့ ကတွေ့ပြီး အကို့ကို မြင်မြင်ခြင်း ချစ်မိသွားပြီ~~~ ထားပါတော့ ငါတွေးနေတာ ရပ်ပြီး အလုပ် ပြန်လုပ် တော့မယ်။ ဇန်မင်းပိုင် လည်းကော်ဖီသောက်ပြီး ကုမ္မဏီ ကိုသွားခဲ့တယ်။ ကုမ္မဏီ လည်းရောက်တော့ လုပ်ရမဲ့အလုပ်တွေကို လုပ်ပြီး ညနေရုံးဆင်းချိန်ရောက်တော့ အိမ်ပြန်ခဲ့တယ် ။ ညရောက် တော့ အိပ်မယ်ကြံတုန်း အတွေးထဲ ကိုကောင်လေး ကဝင်ရောက်လို့လာပါတော့တယ် ။ ဒီလို နဲ့ မနက်ရောက်တော့ ရေချိုး မနက်စာ စားပြီး ကုမ္မဏီ ကို ဘဲထွက်လာခဲ့တော့တယ် ကုမ္မဏီ ရောက်တော့ လက်ထောက်အတွင်းရေးမှူး ကိုသော် ကိုခေါ်ပြီး စုံစမ်းခိုင်းချင်တာလေးရှိလို့ ပါ ဟုတ် ceo ။ ဟ်ိုနေ့တွေ့ခဲ့တဲ့ကောင်လေးအကြောင်း စုံစမ်းပေး ။ တောင်းပန်ပါတယ် ceo ဘယ်ကောင်လေး ကို ပြောတာလဲ မသိဘူး ။ ဟိုးတလောတုန်းက ငါတို့ကားရှေ့မှား မူးလဲသွားတဲ့ အန်တီ ကြီးရဲ့သားအကြောင်း ။ဟုတ် ceo စုံစမ်းလိုက်ပေါ့မယ် ။ ceo ceo ကျွန်တော် သွား လို့ ရပြီလား လို့မေးမှလို့ပါ ။ ကိုသော်တောခေါ်သံ ကြားမှ ကျွန်တော်တွေးနေတာတွေ ရပ်သွားတော့တယ် ။ သွားလို့ ရပါပြီ ကိုသော်တာ ။ အော် ဒါနဲ့။ ဟုတ် ceo ပြောပါ ။ ကျွန်တော် တို့ ကုမ္မဏီ ကို အင်တာဗျူးဖြေ ထားတဲ့အထဲမှာ ပိုးကြူးသွင် ကို ကျွန်တော့် ရဲ့ ဒုတိယ လက်ထောက် အတွင်းရေးမှူး ခန့် လိုက် ပါ ။ ဟုတ် ceo ။ ceo ကို မေးချင်တာလေး ရှိလို့ မေးလို့ ရမှလား ။ မေးပါ ကိုသော် ။ ceo ကြိုက်မဲ့ သူတွေ့ ပြီပေါ့ ဟုတ်လား ။ ဟုတ်တယ် ကိုသော် ။ ကိုသော် ခင်ဗျား မြင်မြင်ခြင်းအချစ်ကို ယုံလား ပြီးတော့ ကျွန်တော် ချစ်နေမိ တဲ့ သူက ကောင်မလေး မဟုတ်ဘဲ ကောင်လေး ဆိုရင်ရော ။ မြင်မြင်ခြင်းချစ်တဲ့အချစ်ကို ယုံပါတယ်။ ceo ကြိုက်နေ တဲ့ "သူက ဘယ်လို လူဘဲဖြစ်စေ လူ လူချင်း ချစ်ကြိုက်နေကြတာဘဲ အဲ့တာက အပြစ်မှမဟုတ်တာ အဓိက အချစ်စစ်နဲ့ ချစ်နေဖို့ဘဲ အရေးကြီးတာပါ " အခုခေတ်မှာက LGBT ကို support ပေးတယ် (LGBT Q) ကိုလည်းနားလည်းပေးတဲ့ သူတွေလည်းရှိ လာကြ ပြီ ceo ။ ( " " လုပ်ထား တဲ့ စာသားတွေက သာသာ ကိုယ်တိုင်က လက်ခံထား တဲ့အချက် တွေပါ ပြီးတော့ သာသာ က normalတစ်ယောက် ဖြစ်ပေမဲ့ LGBT ကို support ပေးတယ် (LGBT Q) ကိုလည်း လက်ခံနိုင် နားလည်းပေးနိုင် ပါတယ် 😊🥰❤️ )ကျေးဇူးပါ ကိုသော် ။ ရပါတယ် ceo ခိုင်းထားတာတွေ သွားလုပ်လိုက်ပါအုံးမယ် ။ ခဏအကြာ အင်တာဗျူးစာရွက် က Ph နံပါတ် အတိုင်း ဆက်လိုက်ပြီး တီ ~~~ တီ ~~~ တီ ~~~ ဟလို က်ိုပိုးကြူးသွင် နဲ့ပြောချင် လိုပါ ခင်ဗျာ ဟုတ် ကျွန်တော် ပိုးကြူးသွင် ပြောနေပါတယ် ။ ကျွန်တော် တ်ို့ Zen ကုမ္မဏီ က ကိုပိုးကြူးသွင် အင်တာဗျူးအောင်ပါတယ် ကိုပိုးကြူးသွင် ကို ဒုလက်ထောက် အတွင်းရေးမှူး ရာထူး ခန့်အပ် ပါတယ် ။ ဗျာ ကျွန်တော့်ကို ဒုလက်ထောက်အတွင်းရေးမှူးဟုတ် လား ။ ဟုတ်ပါတယ် ceo ကိုယ်တိုင်က ခန့်တာပါ မနက်ဖြန်ကနေစ ပြီ အလုပ်စဆင်း လို့ရပါပြီ ။ မနက်ဖြန်လည်းရောက် ရော ပထမဆုံး အလုပ်ဝင်တာ မှလို့ စောစောစီးစီး ကုမ္မဏီ ကိုလာခဲ့တယ် ceo ရဲ့ ရုံးခန်း ထဲကိုရောက်တော့ အကို့ ကိုတွေ့လိုက်တယ် ။ အကို က ဒီ ကုမ္မဏီ ရဲ့ ceo လား လို့မေးတော့ အကို က ဟုတ်တယ် ညီ ။ ဟိုလေ အကို အဲမှား လို့ ceo ကျွန်တော်ဘယ်မှာထိုင်ရမှာလဲ ခင်ဗျ ။ ရပါတယ် ညီ ။ ညီ အကို့ ကို အကိုလို့ဘဲ ခေါ်ပါ ဟို စားပွဲ ခုံ က ညီထိုင် ရမှာဘဲ ။ ဟုတ် အကို ။ ဒီလို နဲ့ အလုပ် လုပ် နေခဲ့တာ ညနေ ထမင်းစား ချိန်ရောက်တော့ အကို က ကျွန်တော့် ကို ညီ လာ ထမင်းအတူတူ သွားစားရ အောင်လို့ပြောပြီ ဆိုင်တစ်ဆိုင်ကို ထွက်လာခဲ့တယ် ။ ဆိုင် လည်းရောက်ရော အကိုက ကျွန်တော့် အကြိုက် တွေဘဲ ရွေး မှာ ခဲ့တယ် မှာလည်းပြီး ရော အကိုက စကားစလာတယ် ညီ မှာ ရည်းစား တွေဘာတွေရှိပြီ လား အာ အကို ကလည်းမရှိ သေးပါဘူး လို့လဲဖြေ ရော အကို့ပျော်နေတာ ကို တွေ့လိုက်ပါ တယ် ။ ခဏနေ ထမင်းဟင်း တွေ လာချ ပြီးတော့ စားသောက်ပြီး ပိုက်ဆံရှင်းပြီး ကုမ္မဏီ တာပြန်လာခဲ့ကြတယ် ။ နောက်နေ့ တွေမှာ အကို က ကျွန်တော့ ကို နေတိုင်း အပိုအကြို့ လုပ်တယ် အကို့ ကို လည်း အမေ က သား တစ်ယောက် လို ချစ်လာ ခဲ့တယ်။ ဒီလို နဲ့ ဘဲ အကို နဲ့ကျွန်တော် ခင်လာခဲ့ ကြတာ 6လ တောင်ရှိသွားပြီ ။ တစ်နေ့မှာ တော့အကို က ကျွန်တော့် ကို ကိုယ် မင်းကို စတွေ့ ကတည်း က မြင်မြင် ခြင်း ချစ်မိခဲ့တာပါ မင်းလေးရော က်ိုယ့် ကိုချစ်လားဟင် ကျွန်တော် လည်းအက်ိုနဲ့ အတူတူပါဘဲ အက်ို့ကို မြင်မြင်ခြင်းချစ်သွားခဲ့တာပါ ကြူး တစ်ကတယ်ပြောနော် တကယ်ပါ ။ ပိုးကြူးသွင် လို့ခေါ်တဲ့ ကောင်လေးက "ပျော်ရွှင်ခြင်း နဲ့ ချစ်ခြင်း တွေက်ို ကိုယ့်စီ သယ်ဆောင်လာ" ပေးတဲ့ 'ပိုးကြူးသွင်' ဆိုတဲ့ကောင်လေးဟာ "ကိုယ်ပိုင် အလင်းရောင် ပေး"တဲ့ 'ပိုးစုန်းကြူး' လေးတွေ လိုပါဘဲ။ "ပိုးစုန်းကြူး လေးတွေဟာ မှောင်မိုက် နေတဲ့ညအချိန်မှာ သူတို့လေးတွေရဲ့ သဘာဝကပေးတဲ့ ကိုယ်ပိုင်အလင်းရောင် နဲ့ မြင်နိုင်တယ် ။ "ကြူး လို့ခေါ်တဲ့ ပိုးကြူးသွင် ဆိုတဲ့ကောင်လေး ဟာလည်း က်ိုယ့်ရဲ့ ပျောက်ဆုံးနေ တဲ့ပျော်ရွှင်ခြင်း ချစ်ခြင်း တွေက်ို သယ်ဆောင်လာတဲ့ အချစ်နတ်သားလေး ပေါ့ဗျာ ။
" အရေးအသားပေါ့သွားရင် တောင်းပန်ပါတယ် 🙏🙏 အရေးအသားညံဖျင်းသွားရင်လည်းတောင်းပန်ပါတယ်နော် 🙏🙏 အရေးအသား ကောင်းမှ ကောင်း လေးကိုလည်းပြောပေးသွားကြပါအုံးဘနော် 🙏 🙏
YOU ARE READING
ကြူး or ပိုးစုန်းကြူး
Historia Cortaသူက ဘယ်လို လူဘဲဖြစ်စေ လူ လူချင်း ချစ်ကြိုက်နေကြတာဘဲ အဲ့တာက အပြစ်မှမဟုတ်တာ အဓိက အချစ်စစ်နဲ့ ချစ်နေဖို့ဘဲ အရေးကြီးတာပါ love is love သူက ဘယ်လို လူဘဲဖြစ်စေ လူ လူချင်း ချစ်ကြိုက်နေကြတာဘဲ အဲ့တာက အပြစ်မှမဟုတ်တာ အဓိက အချစ်စစ်နဲ့ ချစ်နေဖို့ဘဲ အရေးကြီးတာပါ...