ထယ်ယောင်းနဲ့ ဂျွန်ခရီးထွက်တဲ့အခါ ဂျွန့်ရဲ့ချစ်ခြင်းတွေကို ပိုသိသိသာသာမြင်ရစေပါတယ်။ထယ်ယောင်းကို အပျောက်မခံနိုင်သလို ဘာစားစားဘာလုပ်လုပ် ဂျွန်က မျက်စိဒေါက်ထောက်ကာ ကြည့်လို့နေသည်။
ပစ္စည်းတွေချပြီး ရေချိုးရန်ပြင်ခါနီး ဂျွန်က ရေချိုးခန်းထဲအရင်ဝင်ကာ ကြမ်းပြင်တွေကို စစ်ဆေးသည်။ရေပူရေအေး သေချာစပ်ပြီးမှ ထယ်ယောင်းကို လှမ်းခေါ်သည်။
သူပြောတဲ့စကားတခွန်းကတော့
"ယောင်းကို အရုပ်လေးလို သေးသေးလေးဖြစ်အောင် ထားလိုက်ချင်တယ်"ဟုသာ။
ဂျွန်ကသဲသဲလှုပ်သည့်အခါ ထယ်ယောင်းမှာလဲ မိုးပေါ်ရောက်နေသကဲ့သို့ပျော်ရသည်။alpha တွေဟာ Omega လေးတွေကို ဒီလိုဆက်ဆံတတ်ပါသလားရယ်လို့လဲ တွေးမိတော့ ကြည်နူးရသည်။
"ယောင်းလေး ကော်ဖီတွေ ဘာလို့သောက်နေရတာလဲ"
ဂျွန်ရေချိုးနေတုန်း ဟိုတယ်ခန်းထဲရှိ ကော်ဖီခွက်ကလေးကို သောက်ကောင်းကောင်းနဲ့သောက်နေမိတာ။ထယ်ယောင်းကကော်ဖီမကြိုက်ပေမဲ့ အခုတော့ စိတ်ရှိလက်ရှိကိုသောက်နေမိတော့တာ။
"သောက်လို့ကောင်းသားပဲ ဂျွန်"
"မတည့်ဘူးလေ ယောင်းလေးရဲ့။ပေး ကိုယ့်ကို"
ဂျွန်ကထယ်ယောင်းလက်ထဲက ခွက်ကလေးကို ယူတော့ စူပုတ်ပုတ်ဖြစ်လို့သွားသည်။
စူထွက်နေတဲ့နှုတ်ခမ်းလေးကို ဂျွန်ရဲ့ နှုတ်ခမ်းအေးအေးတွေဖြင့် ဖိကပ်နမ်းသွားပါသေးသည်။
ရင်ထဲလှုပ်ခနဲ တချက်ဖြစ်သွားရပြီး ထယ်ယောင်းမျက်နှာလေးဟာ အလိုလိုပြုံးသွားရသည်။"ယောင်းလေး ပင်လယ်ဘက်လမ်းလျှောက်ရအောင်"
ဂျွန်က အဝတ်အစားတွေ ဝတ်ပြီးသည်နှင့် ထယ်ယောင်း ခါးလေးကို ဆွဲဖက်ရင်းပြောလာသည်။ထယ်ယောင်းအတွက် မွှေးပျံ့တဲ့ Pheromoneတို့ကိုလဲ ထုတ်ပေးဖို့ မမေ့ပါချေ။
ကမ်းခြေသည် အေးစိမ့်စိမ့်။ဂျွန်က ထယ်ယောင်းကို အနွေးထည်ပါးပါးလေးထပ်ဝတ်စေပြီး ပုခုံးကို ဖွဖွဖက်ထားကာ အတူတူလျှောက်လှမ်းလာသည်။
أنت تقرأ
The Alpha King And His Omega (Season-2) (Complete)
أدب الهواةယောင်းက မမှီတဲ့ ပန်းလေးမို့ ကိုယ်က ခူးမယူရက်ခဲ့တာ....