"သခင်လေး"
"ဘယ်သူလဲ"
"ကျွန်တော်မုန့်ယောင်ပါ"
"အင်းးးးး"
"သခင်လေးမနက်ဖြန် သခင်မလေးဝမ်လာတွေ့မယ်တဲ့"
ကျဲကလာတွေ့မယ်ဟုတ်သလား ရိပေါ်ဝမ်ချင်ကိုဘယ်လိုမျက်နှာပြရမည်နည်း အဘယ်သိူ့မျက်နှာပြဝံံ့ပါအံံ့နည်း။
"ငါနားတော့မယ်"
"ကျွန်တော်အိပ်ယာခင်းပေးပါ့မယ်"
"မုန့်ယောင် ငါပဲလုပ်လိုက်ပါ့မယ်"
"ဘယ်ဟုတ်ပါ့မလဲ ဝမ်အိမ်တော်ရဲ့အချစ်ခံသခင်လေးက ဒါမျိုးတွေထိလုပ်စရာမလိုပါဘူး"
"အဲ့ဒါအတိတ်ကပါ"
"အခုရော....စစ်သူကြီးကလဲ သခင်လေးကိုချစ်တယ် ဝမ်သခင်မလေးကလဲသခင်လေးကိုချစ်တယ် အဲ့တော့အခုလဲဝမ်အိမ်တော်ရဲ့အချစ်ခံဝမ်သခင်၃ပဲလေ မဟုတ်လား"
"ဟင်းးးးအခုက မင်းကြီးရဲ့ကိုယ်လုပ်တော်ဝမ်လေ"
"သခင်လေး လူတစ်ယောက်က အကျင့်သခ္ခါဖြူစင်ဖို့ပဲလိုတယ်ဂုဏ်ပုဒ်တွေဘွဲ့တွေနဲ့မဆိုင်ဘူး အဓိက က သခင်လေးစိတ်ဖြူစင်နေရုံပဲ"
"ကောင်းပါပြီ"
ပထမဆုံးတစ်ယောက်.....ဟန်နိုင်ငံတော်ရဲ့နန်းတွင်းကိုရောက်သည့်နေ့မှာစယနေ့ထိ သူ့အပေါ်ရိုရိုကျိုးကျိုးဆက်စံတဲ့ပထမဆုံးတစ်ယောက်
ထိုသူမှာမုန့်ယောင်ပင်ဖြူဖွေးနေသည့်အသားအရေက အဝါရောင်ဝတ်ရုံဖြင့်လိုက်ဖတ်လွန်း၏။ပြုံးလိုက်တိုက်းချိုက့်ဝင်သွားတဲ့ ပါးချိုင့်လေးများက ပျိုမဒီတို့စွဲလမ်းစေတဲ့လက်နက်အလား။နက်မှောင်နေတဲ့မျက်ဝန်းတွေက ကောင်းကင်မှကြယ်တာယာအစုံနှင့်ခပ်စင်စင်။ ထိငြို့ကောင်လေးကအဘယ်မှာအစေခံနှင့်တူလိမ့်မလဲ။ တန်ဖိုးကြီးတန်ဆာများသာဝတ်ဆင်ထားလျှင် အိမ်တော်သခင်လေးတစ်ယောက်နှင့်ပင်တူ၏။
"သခင်လေး အိပ်လို့ရပြီနော် ကျွန်တော်သေချာခင်းပြီးပြီ"
"အင်းမုန့်ယောင် သွားနားတော့"
"မင်းကြီးကြွချီလာ....."
ရှေ့ပြေးရဲ့ဆော်ဩသံပင်မဆုံးမင်းကြီးဆိုသူကရိပေါ် ရဲ့အခန်းထဲကိုရောက်ရှိလာလေပြီ။
YOU ARE READING
ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများ
RomanceZhanyi ver မို့ကြိုက်မှဖတ်ပါနော်