မင်းကြီးကဘက်လိုက်တယ်

1K 80 10
                                    

ရာသီတို့အလီလီကူးပြောင်းသည် ဝေနေတဲ့သစ်ရွက်လေးတွေကြွေကျကုန် ပြီ အအေးဓာတ်လွန်ကဲတဲ့ဆောင်းကိုလွန်ကာ နွေဦးတုရဲ့အငွေ့အသက်လေးတွေဆီးကြိုနေသည်။ ငှက်ကလေးတွေတေးသီနေကြသည်။ထိုတေးသံတို့နှင့်အပြိုင် ဗျပ်စောင်းသံခပ်အေးအေးကလဲ
လွင့်ပျံံ့လျှက်သား

ရဲရဲတောက်နေသော အနီရောင်ဝတ်ရုံရှည်ကိုလွှမ်းခြုံထားသောအမျိုးသားသည် ဗျပ်စောင်းပေါ်တွင်သာစိတ်နှစ်ထားဟန်ရှိသည်။ထိုအမျိုးသား၏ဘေးမှ အဖြူရောင်ဝတ်ရုံခြုံထားသော အမျိုးသာ၏မကျေနပ်ဟန်ပြနေသောအကြည့်တို့ကိုသိဟန်မတူ။

"ဝမ်လူကြီးမင်း.......ဒီမှာထိုင်နေတာကြာပြီနော် လမ်းလျှောက်မယ်လို့"

"အရှင်ကလဲ အစောလေးကတင်လမ်းလျှောက်ပြီးပြီလေ"

"ဘယ်လို....ဘယ်လိုပြန်ပြောပါဦး ​မောင်မင်းလမ်းလျှောက်တာမနက်အစောကလေ အခုညနေစောင်းတော့မယ်လို့"

"လမ်းမလျှောက်ချင်ပါဘူးဗျာ"

"မွေးရဖွားရလွယ်အောင်လမ်းလျှောက်ရမယ်လို့ပြောနေတာကို ဒီဗိုက်ပူကစကားနားမထောင်ဘူးလား"

"မင်းကြီးနော်....အဲ့လိုမခေါ်နဲ့လို့ဆို"

"အဟင်း!!!မဟုတ်တာကျလို့ကွာ"

ဟုတ်လည်းဟုတ်သည် ရိပေါ်ကိုယ်ဝန်က တစ်ဖြည်းဖြည်းရင့်မာလာသည်နှင့်အမျှဝမ်းဗိုက်ကလေးကဆူဖြိုးလာသည် ။ညဘက်အိပ်လျှင်
ရိပေါ်ကိုမင်းကြီးကကျောမှသာသိုင်းဖက်ခွင့်ရသည်။ အရင်လိုရင်ချင်းအပ်လို့မရတော့ သူတို့နှစ်ယောက်အလည်မှာ ဝမ်ဗိုက်ဆူဆူလေးကခြားနေသည်လေ။

လူကြီးတွေပြောကြတာတော့ ရိပေါ်ကသားယောကျာ်းလေးသာမွေးလိမ့်မည်တဲ့။သွက်သွက်လက်လက်ရှိသည့်အပြင် ဝမ်းဗိုက်လုံးလုံးလေးကသာမာန်ထက်ဆူနေတာမို့ သားယောကျာ်းလေး နန်းလျှာလေးဟုသာမှန်းထားကြသည်။ဘာဖြစ်ဖြစ်ပါ ရိပေါ်ကတော့သားလေးမွေးမွေးသမီးလေးမွေးမွေးအရှင့်သွေးသားရိပေါ်သွေးသားမို့တူန်နေအောင်ချစ်မှာအမှန်ပင်။

လမ်းမလျှောက်ချင်ဘူးလို့ဘယ်လိူငြင်းငြင်းကိုမရပါ အရှင်ကသူ့ကိုဥယဉ်ထဲဇွတ်အတင်းခေါ်လာပြီလေ။ရိပေါ်ကိုယ်တိုင်လည်းလမ်းကမဖြစ်မနေလျှောက်ပေးမှဖြစ်မည်ဆိုတာကိုသိသည် သို့သော်အရှင့်အပေါ်မှာဆိုးချင်သည့်စိတ်တို့ကမပျောက်သည်မို့။

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now