ထူးဆန်းသောကျွန်း (အပိုင်း - 8)

6 1 0
                                    

အုန်းပင်တွေနားရောက်တော့ ဒင်း အုန်းပင်ပေါ်တက်ဖို့ကို ကောင်းမြတ်ဟိန်းနဲ့ ကျွန်တော်က မနည်းတွန်းတင်ပေးရသေး။ ကောင်းထက် အုန်းပင်ပေါ်ရောက်တော့ အုန်းသီးခူးရင် သူတစ်ခုခုကို ငေးနေတာ ကျွန်တော်သတိထားမိတယ်။ ဒါပေမဲ့ ဘာကို ငေးနေမှန်းကျွန်တော်မသိပါ။

ကောင်းထက် အုန်းသီးခူးပြီး ပြန်ဆင်းလာတော့

" ငြိမ်းငါစောစောက အုန်းသီးခူးရင်း မနေ့က ငါတို့တွေ့တဲ့ အဖွားအိုထင်တယ်။ တောထဲမှာ တုတ်ကောက်တစ်ချောင်းနဲ့ လမ်းလျှောက်သွားတယ်။ သိပ်တော့မသေချာဖူး မနေ့က အင်္ကျီတော့မဟုတ်တော့ဖူးကွ။ "

ကောင်းမြတ်ဟိန်းက
" မင်းတို့ ဘယ်တုန်းက ဘယ်သူတွေ့တာတုန်း ငါလဲမသိပါလား ဘယ်က အဖွားအိုလဲ ငါကိုလဲပြောဦးလေ ငါလဲသိသင့်တာပေါ့ကွာ ရှိတာမှ ဒီလူလေးတွေကို "

အဲ့ဒါနဲ့ပဲ ကောင်းမြတ်ဟိန်းကိုပါ ကျွန်တော်တို့နှစ်ယောက် ထင်းခုတ်ရင်း အဖွားအိုတစ်ယောက်တွေ့လိုက်ရတဲ့ အဖြစ်ပျက်ကို ပြောပြလိုက်ပါတော့တယ်။

အုန်းသီးတွေရလာတော့ အစ်မတော် သီရိကို
ရော ဆရာမ မေရီတို့ပါ အကုန်ပေးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့သုံး ရောက် အဖွားအို ကိစ္စကို လူကြီးတွေကို ပြောသင့်မပြောသင့် တိုင်ပင်ပါတော့တယ်။

မသီရိ တော့မပါပါဖူး။ သူ့ကိုတော့ အုန်းရည်ပေးပြီး ပလစ်ထားပါတယ်။ သီရိလဲ အုန်းရည် ရသွားလို့ထင်တယ် ငြိမ်နေတာပါပဲ။

သီရိ အုန်းရေသောက်နေတုန်း
ကောင်းမြတ်ဟိန်းက

" ငြိမ်း ငါတို့ အခုကိစ္စကိုလူကြီးတွေ မပြောရင်နေ သီရိတော့ ပြောပြထားသင့်တယ် ဘာလို့လဲဆိုတော့ ဒါကသိပ်မသေချာသေးတဲ့ ကိစ္စဆိုတော့ လူကြီးတွေပြောလို့မကောင်းဖူးလေ သီရိကြတော့ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြောပြလို့ရတယ် " ဆိုပီး တိုင်ပင်တယ်။

အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ သုံးယောက် သီရိကို
" မသီရိရေ ပြောစရာရှိလို့ ခဏလာပါဦး " ဆိုပြီး တစ်ပြိုင်ထဲခေါ်လိုက်ပါတယ်။

သီရိက
" ဟဲ့ နင်တို့က သုံးယောက်သား ဘာထဖြစ်တာတုန်း အုန်းရည်တောင် သီးတယ်မခေါ်တော့လည်း မခေါ်လို့ ခေါ်တော့လည်း သုံးယောက်သားတစ်ပြိုင်ထဲ ငါက ဘယ်သူ​ဆီအရင်လာပြီး ဘယ်သူပြောတာ အရင်နားထောင်ရမှာလဲ "

​ကောင်းမြတ်ဟိန်းက
" ငါတို့ သုံးယောက်လုံးဘေးချင်းကပ်ထိုင်နေတာလေ နင်ကဘယ်သူဆီ အရင်သွားဦးမို့လဲ လာပါ မြန်မြန်လာပါ မသီရိရယ် "

သီိရိရောက်လာတော့ ကောင်းထက်က
" သီရိ သေချာနားထောင် ငါနဲ့ ငြိမ်းဟိုးတနေ့က ထင်းသွားခုတ်ရင်း အဖွားအိုတစ်ယောက်ကို ရုတ်တရပ်တွေ့လိုက်တယ်။ ဒီနေ့လည်း အုန်းသီးခူး ရင်းအပင်ပေါ်ကနေ တွေ့လိုက်ရတယ်။ ဒီနေ့က ငြိမ်းနဲ့ ကောင်းမြတ်ဟိန်းတော့ မတွေ့လိုက်ဖူး။ ဒေသခံလား ဘာလားတော့ ငါလည်းမသိဖူး။ အဲ့ဒါ ကောင်းမြတ်ဟိန်းကိုလဲ ပြောပြပြီးပြီ အခုနင့်ကိုပါပြောပြတာ "

သီရိက
" ဟဲ့ဟဲ့ နင်တို့ဟာက လူရောဟုတ်ရဲ့လား အဖွားကြီးတစ်ယောက်ထဲ ကျွန်းမှာ နေတာ ဖြစ်ရောဖြစ်နိုင်လို့လား  ငါ​ေကြာက်တယ်ဟဲ့ ကောင်းမြတ်ဟိန်း အဖွားကြီးက ရုပ်ဆိုးလားဟင် "

ကောင်းမြတ်ဟိန်းက
" ငါလဲမသိဖူးလေ မြင်တောင်မြင်ဖူး ငြိမ်းနဲ့ကောင်းထက်ပဲတွေ့လိုက်တာ သူတို့ပြောလို့ငါလဲသိတာ "

" မဆိုးပါဖူး သာမာန်လူတွေလိုပါပဲ ဒီအတိုင်းပါပဲ မသီရိရယ် " ဆိုပြီး ကျွန်တော်က ပြောလိုက်ပါတယ်။

ဒါပေမဲ့ သီရိက နဂိုထဲက ကြောက်တက်တဲ့လူဆိုတော့ အဖွားအိုရဲ့ ကိစ္စကိုသိပြီးနောက်ပိုင်း တစ်နေ့လုံး ကျွန်တော်တို့ သုံးယောက်ဘယ်သွားသွား သူနောက်က တစ်ကောက်ကောက်လိုက်နေပါတော့တယ်။ အခု မသီရိ ဘယ်လောက်တောင် ကြောက်နေသလဲဆို
သူ့ အုန်းရည်တောင် မသောက်နိုင်တော့ပါဖူး။

ဒီတစ်ခါလဲ ကျွန်တော်တို့ မြန်မာကျောင်းသား ၄ ယောက် သင်္ဘောပေါ်က မုန်တိုင်းကိစ္စလိုပါပဲ အဖွားအိုတွေ့ခဲ့တဲ့အကြောင်းကို ဘယ်သူကိုမှ မပြောပဲတိတ်နေလိုက်ပြန်ပါပြီ။

Mysterious Island - ထူးဆန်းသော ကျွန်းWhere stories live. Discover now