# unicode
လွန်ခဲ့သော 15 နှစ်ခန့်က...
"ကုကီးကလည်းဟာ လိုက်ခဲ့စမ်းပါ ပျော်စရာကြီးကို"
"ဟင့်အင်း ငါဒီပိတ်ရက်မှာစာပဲဖတ်မလို့"
"ကုကီးကတော့ မဟုတ်သေးပါဘူး ၃ရက်လောက်လေးပိတ်ရက်ရတာကို ငါတို့နဲ့လိုက်ခဲ့စမ်းပါကုကီးရဲ့အမေလည်းခွင့်ပြုတာပဲကို"
ကမ်းခြေကိုအပျော်ခရီးသွားကြဖို့သူငယ်ချင်းတွေတိုင်ပင်ထားပြီးမှ တစ်ယောက်သောသူကမလိုက်ဘူးပဲလုပ်နေတော့တာပဲ အမြဲလိုလို စာပဲဖတ်နေတတ်တဲ့ကောင်လေးအတွက် ဒီလိုခရီးမျိုးကို သူသိပ်မကြိုက်ဘူးလေ အေး"ဆေး" နေရတာမျိုးကိုကြိုက်တာကြောင့်အိမ်မှာပဲနေပြီးစာဖတ်မယ်လုပ်ထားပေမဲ့ ဒီခရီးကိုမလိုက်မချင်း နားပူအောင်ပြောကြမဲ့ သူငယ်ချင်းတွေကြောင့်လိုက်ဖို့သာဆုံးဖြတ်လိုက်တယ်
"အင်းပါ ငါလိုက်ခဲ့မယ်လေ"
"ဒီလိုမှပေါ့ "
"ဟဲ့ဟိုရောက်ရင် ဘာလုပ်ကြမလဲ"
"အော် ကမ်းခြေသွားပါတယ်ဆိုရေဆော့မှာပေါ့"
ဒီလိုပါပဲ ဒီသူငယ်ချင်းအဖွဲထဲမှာအဲ့လိုခက်တုံးတုံးသူတယောက်လည်းရှိသေးတာပေါ့
သန်ဘက်ခါကြရင် အခန်းထဲမှာရှိတဲ့ သူတော်"များ" ကဒီခရီးမှာလိုက်ကြမှာ အဲ့တွက်တက်ကြွနေကြတဲ့သူတွေကြီးပဲ သူတစ်ယောက်ကလွဲလို့ပေါ့ သူတွက်တော့သူငယ်ချင်းတွေအလိုကိုဖြည့်ပေးလိုက်တာတစ်ခုပါပဲ
သူစာဖတ်မဲ့အစီအစဉ်လေးတော့ပျက်သွားပြီပေါ့------------------
နောက်နေ့မနက်.....
"ကုကီးလာလာ hyungဘေးနားလာထိုင်"
"မထိုင်ရပါဘူး ကုကီးဒီလာ ငါနဲ့လာထိုင်"
"မင်းတို့ကမဟုတ်သေးပါဘူး ကုကီးက ကားပေါ်မှာအိပ်မဲ့သူ hyungနဲ့လာထိုင်လာ"
ဂျောင်ကုတစ်ယောက်ကားပေါ်တတ်လိုက်တာနဲ့ ထိုင်ဖို့နေရာရှာစရာမလိုအောင် သူငယ်ချင်းတွေအကိုတွေက သူ့ကိုဒီမှာထိုင်ဟိုမှာထိုင်လုပ်နေကြတယ်
အဲ့လိုပါပဲ ဂျောင်ကုကအနေအေးသလို အချစ်ခံလေးလည်းဟုတိတယ် ကျောင်းအခန်းထဲမှာရှိတဲ့သူတွေက အလိုလိုက်သလို ညီအကိုအရင်းတွေလိုဆက်ဆံကြတော့ တစ်ယောက်တည်းဖြစ်နေမှာကြောက်စရာမလိုတော့ဘူး
YOU ARE READING
🍂Falling in Love🍂
Actionအချစ်ဆိုတာဘာလဲတဲ့ အဆိုကိုယ်ကမင်းဆိုပြီးပြန်ဖြေမိလိမ့်မယ် အခ်စ္ဆိုတာဘာလဲတဲ့ အဆိုကိုယ်ကမင်းဆိုပြီးပြန်ဖြေမိလိမ့်မယ် #unicode #zawgyi