#unicode
"ဂျောင်ကုကီးရေ ကားပေါ်မှာ ငါ့အထုတ်တခုကျန်ခဲ့လို့သွားယူပေးပါအုံးနော် ငါဒါတွေ အခန်းထဲယူသွားပေးမယ်လေ"
"အင်းပါ ငါယူလာခဲ့မယ်"
အဲ့လိုနဲ့ ဂျောင်ကုတယောက် ဂျီမင်းကျန်ခဲ့တဲ့ အထုတ်ကိုယူဖို့ သူတို့ငှားလာတဲ့ ကားဆီထွက်လာခဲ့တယ်
"အော် ဘာများလဲလို့ ရေလာဆော့ပါတယ်ဆိုနေ ရေဆော့ဖို့အင်္ကျီတွေကျန်ခဲ့ရတယ်လို့"
ဂျောင်ကုလည်းကျန်ခဲ့တဲ့အထုတ်ကို ယူပြီး အခန်းဆီပြန်လာခဲ့တယ်
အခန်းပြန် သူ့အနောက်နေ လှမ်းခေါ်နေတဲ့သူတယောက် သူ့ကိုခေါ်နေတာထင်တာပဲ
" ဒီက ဆိုင်မှာဝင်တိုက်မိတဲ့သူတယောက်လားမသိဘူး"
ဂျောင်ကု ခနတာပြန်စဉ်းစားမိတယ် ဝင်တိုက်မိတဲ့သူ အာ သူမှတ်မိပြီ
" ဟုတ်ပါတယ် "
"အဲ့တုန်းက သေချာမတောင်းပန်ရလိုက်လို့ပါ ဘာဖြစ်သွားသေးလဲမသိဘူး"
"ဘာမှမဖြစ်ပါဘူး ရပါတယ် "
"အော် ဟုတ်ကဲ့ ဒါနဲ့ ကိုယ့်နာမည်က ကမ်ထယ်ယျောင်းပါ ထယ်ယျောင်းလို့မှတ်ထားပေးပါနော်"
"ဟုတ်ကဲ့ ကျွန်တော်က ဂျောင်ကု ဂျွန်ဂျောင်ကုပါ"
"ကိုယ် ဂျွန်လို့ခေါ်လို့ရနိုင်မလား"
"အယ်"
"မရလို့လား"
"မဟုတ်ပါဘူး အဆင်ပြေသလိုခေါ်ပါ ခုလော"ဆယ် ကျွန်တော် သူငယ်ချင်းဆီ သွားပေးစရာရှိလို့ခွင့်ပြုပါအုံးနော်"
"ကောင်းပါပြီ ဂျွန်"
ဂျောင်ကုလည်း ခါးတချက် ညွတ်ပြီးအရိုအသေပေးကာ ထွက်လာခဲ့တယ်
"ကြာလိုက်တာ ဂျောင်ကုကီးရယ်"
"လမ်းမှာ အသိတယောက်နဲ့တွေ့လို့ပါ ရော့ဒီမှာ မင်းအထုတ်"
"ငါ့သူငယ်ချင်းလေးပင်ပန်းသွားရှာပြီ ခနနေကြရင် dinner စာကြမယ်နော် ရေချိုးပြီးအပြင်ထွက်ခဲ့"
"မင်းကရောဘယ်သွားမို့လဲ ရေမချိုးတော့ဘူးလား"
"ငါကမင်းက်ုစောင့်ရင်း ချိုးပြီးပြီ မင်းချိုးပြီးရင်သာ ထွက်ခဲ့"
YOU ARE READING
🍂Falling in Love🍂
Actionအချစ်ဆိုတာဘာလဲတဲ့ အဆိုကိုယ်ကမင်းဆိုပြီးပြန်ဖြေမိလိမ့်မယ် အခ်စ္ဆိုတာဘာလဲတဲ့ အဆိုကိုယ်ကမင်းဆိုပြီးပြန်ဖြေမိလိမ့်မယ် #unicode #zawgyi