Zawgyi
မမေ့နိုင်တဲ့သံယောဇဉ်နဲ့နောင်တများ(1)
လွန်ခဲ့တဲ့2018မြန်မာနှစ်သစ်ကူးရေပတ်ခံထွက်ရင်းအမှတ်မထင်ခင်ခဲ့တဲ့အမတစ်ယောက်ပြောရရင်မိန်းကလေးဆိုပေမယ့်အခုအများသိသိုTom boyပေါ့။
အဲ့နှစ်တွေတုန်းကလမ်းလျှောက်ရင်းကျုံးဘေးမှာရေပတ်ခံလည်ကြ
မိသားစုလိုက်ရေပတ်တဲ့နေရာလေးတွေနဲ့စည်နေကြတာပေါ့။
မန္တလေးကိုအလည်လာတဲ့အကိုဝမ်းကွဲလင်မယားနဲ့အမျိုးတွေဆီရေပတ်သွားရင်းရေပိုက်ယူရာကနေရင်းနှီးသွားကြတာပေါ့။
သူစိမ်းတွေထဲမှာရောက်နေတော့ရေပတ်တာမရဲတရဲနဲ့ဟိုကြည့်ဒီကြည့်
ကြည့်ရတာပေါ့။အဲ့တာကိုရိပ်မိသွားတယ်ထင်ပါရဲ့အနားကိုလာပြီး
စကားလာပြောသူငယ်ချင်းဖွဲ့ပြီးကိုယ်နဲ့ခင်မင်အောင်သူကလာရောတယ်..ပါလာတဲ့အမကလည်းဘာမှမပြောတော့တစ်နေကုန်သူနဲ့ရေပတ်လိုက်..သူဟာသပြောတာလေးတွေနားထောင်လိုက်နဲ့အရမ်းပျော်စရာကောင်းတာပေါ့။
နောက်တစ်ခုကကိုယ်ကချမ်းတယ်ပြောရင်ရေပတ်ခံတဲ့လူတွေကိုရေမပတ်ပဲကိုယ့်ဘက်လှည့်ပြီးရေပိုက်ကိုဖြန်းပေးတော့ကြောင်ပြီးမေးလိုက်တယ်..."ရေမပတ်ပဲဘာလို့ကျွန်တော့်လာပတ်နေတာလဲ"
လို့မေးတော့သူကကိုယ်မကြားမှာဆိုးလို့ထင်တယ်အနားကပ်လာပြီး
"ခင်ဗျားလေးပဲချမ်းတယ်ဆို...အာ့ကြောင့်သူများပတ်မယ့်အစားခင်ဗျားလေးကိုပဲပတ်ပေးတော့အချမ်းသက်သာတာပေါ့"
ဆိုပြီးပြောလာတယ်။မနိုင်မှန်းသိလို့စကားပြန်မပြောပဲနေလိုက်တယ်။
ညနေစောင်းလို့ပြန်ချိန်ရောက်တော့အကိုကသူငယ်ချင်းတွေနဲ့ပြန်မလာသေးအမကလည်းပြန်ချင်ကိုယ်ကလည်းနေစောင်းတော့အချမ်းကပိုလာတော့အိမ်ကိုပြန်ချင်စိတ်ကများနေတာပေါ့။
အဲ့အချိန်အနားရောက်လာတဲ့သူကိုကြည့်တော့သူပဲ။
လက်ထဲမှာလည်းသူဝတ်ထားတဲ့ဂျင်းအကျီကိုကိုင်ထားပြီး"ခနမတ်တပ်ရပ်လိုက်"
လို့ပြောတော့ခုံမှာထိုင်နေတဲ့အမရောကိုယ်ရောကြောင်သွားတယ်။
သူကစိတ်မရှည်တော့လက်ကိုဆွဲထိုင်နေရာကနေထခိုင်းပြီးလက်ထဲကအကျီကိုပခုံးပေါ်ခြုံပေးပြီးထိုင်ခုံပေါ်ဝင်ထိုင်ပြီးသူ့ပေါင်ပေါ်မှာကိုယ့်ကိုထိုင်ခိုင်းတယ်။အမကလည်းကြည့်ပြီးရယ်နေလေရဲ့။
YOU ARE READING
မမေ့နိုင်တဲ့သံယောဇဥ်နဲ့နောင်တများ
Contoလွန်ခဲ့နှစ်တွေကအမှတ်ရတဲ့အချိန်တွေကိုသတိတရပြန်ရေးထားခြင်း။ လွန်ခဲ့နှစ်တွေကအမှတ်ရတဲ့အချိန်တွေကိုသတိတရပြန်ရေးထားခြင်း။