Arc 1.5 {Final}

260 26 4
                                    

{Zawgyi}

ခပ်သောသောရယ်သံသည်ကား လင်းထွဋ်ဦးထံပါးမှ ထွက်လာသောအခါ ကြားရသူကို စိတ်မလုံမလဲဖြစ်စေသည်။

"ကျွန်တော့်ပစ္စည်းတွေကို ကျွန်တော်မသိပဲမကိုင်ပါနဲ့! "

"sorry.. မင်းရဲ့privacyကို ကိုယ်လည်းမစပ်စုချင်ပါဘူး။ ဒါပေမဲ့ဖုန်းကတောက်လျှောက်လာနေတာဆိုတော့...ကိုယ်အိပ်လို့မရတာနဲ့ ကိုင်လိုက်တာ။ မင်းသူငယ်ချင်းဆက်တာထင်တယ် ပြန်ဆက်ကြည့်လိုက်ပါဦး"

မျက်နှာအနေအထားအား ချက်ချင်းပင်နောက်တစ်မျိုးပြောင်းနိုင်သည်မှာ တော်ရုံသရုပ်ဆောင်စကေးတော့မဟုတ်.။

ရင်တထိတ်ထိတ်ဖြစ်နေသော ဆက်မှာ သူ့ဖုန်းထဲမှwallpaperနှင့် galleryအား လင်းထွဋ်ဦးတွေ့သွားမည်ကို စိုးထိတ်နေပုံရသည်။

ဖုန်းအားပြန် စစ်ကြည့်လိုက်သည်တွင် Home screenကိုသာ တိုက်ရိုက်တွေ့ရသဖြင့် ဒီလူကြီး မြင်မမြင် သူမခွဲတတ်တော့ပါချေ။

ရှင်းသူရထက်ဆီမှတကယ်ပင် ဖုန်းလာထားသည်မို့ ဖုန်းပြောရန် အပြင်သို့ထွက်အံ့ဆဲဆဲတွင် နောက်ပါးကအသံထပ်ထွက်လာလေသည်။

"ကိုယ့်မှာချစ်သူမရှိဘူးကောင်လေး.....။ ဒီပါနဲ့ကိုယ်နဲ့က သူငယ်ချင်းတွေ "

အသံနေအသံထားနှင့် စကားအသွားအလာအရ ကျိန်းသေပေါက် ဒီလူကြီး သူ့ဖုန်းထဲကတစ်ခုခုအား မြင်ပြီးသွားပုံပေါ်သည်။

ရှက်စိတ်နှင့် ကြောက်စိတ်တို့ရောယှက်ကာ အုံ့ခနဲလှိုက်တက်လာသော ခံစားချက်တို့ကြောင့် အခန်းပြင်အလျင်စလို ပြန်ထွက်ပြေးမိခဲ့သူမှာ နောက်တစ်ကြိမ်များ ဒီလူနဲ့ မျက်နှာချင်းထပ်ဆိုင်၍ ရနိုင်ပါဦးမလား။

ဆက်ဘဝမှာပထမဆုံးအကြိမ် သဘောကျမိတဲ့သူက ယောက်ျားတစ်ယောက်ဖြစ်နေသည့်အပြင် လျှို့ဝှက်လှတဲ့လူတစ်ယောက်~~

ကျောပြင်ကျယ်ကျယ်အား စတင်သဘောကျရာမှသည် တဖြည်းဖြည်းငြိတွယ်လာမိသည့် စိတ်အစုံတို့က တားမရစွာပင် တစ်စတစ်စတိုး၍နစ်ဝင်ခဲ့မိသည်။

သိသွားပြီဆိုတော့.....သူငြင်းခံရတော့မှာလား။

"ဟား.....အခုမှ စတောင်မစရသေးတာကို. . ကြိုးစားခွင့်တောင်မရှိတော့ဘူးလား ။ ခင်ဗျားပြန်သဘောကျအောင်လို့ ကျွန်တော်ဘယ်လိုလုပ်ရမလဲ! "

Rebounding System (Vol_1)Where stories live. Discover now