Arc 2.4

131 13 3
                                    

{Unicode}

အမှိုက်လိုကောင်..။

နင့်ကိုယ်နင် သိပ်အရေးပါတဲ့သူများထင်နေလား။

ဒီကမ္ဘာမှာ နင့်ကိုလိုချင်တဲ့သူ ဘယ်သူမှမရှိဘူး။

မွေးထဲကအသေလေးမွေးလာရမှာ။

ရေနစ်နေသကဲ့သို့ မွန်းကြပ်လာသောခံစားချက်..၊
အသက်တောင်ဝဝလင်လင် မရှူနိုင်တော့သည်မို့ ရှဲ့ရန်ခန်းမှာ သေရတော့မည်လားဟု အထင်မှားလာပါသည်။

မျက်လုံးအားတင်းတင်းစေ့လို့ အကူအညီတောင်းခံချင်သော်ငြား မယ်တော့်စကားလုံးတွေကို ပြန်အမှတ်ရမိသောအခါ မျှော်လင့်ချက်တို့ ပျောက်ရှလာရသည်။

သူက ဘယ်သူမှမလိုချင်တဲ့ကလေးတစ်ယောက်ပဲမလား....။

"ခန်းအော်..."

"ကလေးလေး ခမည်းတော်ဆီလာ"

အသိစိတ်ပြန်လွတ်တော့မည့်အချိန်တွင် သူ့ခမည်းတော်၏ ခေါ်သံကြားရသောအခါ ချက်ချင်းပင်အသိကပ်ကာ အိပ်မက်ဆိုးမှနိုးလာပါတော့သည်။

"ခမည်းတော်!"

ချွေးတွေဖြင့်စိုစွတ်ကာ ရေချိုးထားသကဲ့သို့ဖြစ်နေသော ခန္ဓာကိုယ်အား ဂရုမထားနိုင်စွာ ရှဲ့ရန်ခန်းမှာ သူ၏ခမည်းတော်အား အမောတကောဖြင့်ရှာရန်ရွယ်ပါသည်။

ထိတ်လန့်နေသေးသောစိတ်အစုံကြောင့် ရင်အစုံမှာနိမ့်ချည်မြင့်ချည်ဖြစ်နေကာ ယခုအချိန်မှာမှ ခမည်းတော်အားမတွေ့ရလျှင် ချက်ချင်းပင်အသက်ရှူရပ်သွားနိုင်သည်။

ကျွန်တော်...ကျွန်တော့်မှာ ခမည်းတော်ပဲရှိတာ။

ခမည်းတော်ကတော့ ကျွန်တော့်ကို မစွန့်ပစ်သွားဘူးမလားဟင်။

မယ်တော်နှင့်တွေ့ခဲ့သည်အား ပြန်အမှတ်ရသွားသည်မို့ ရှဲ့ရန်ခန်း၏ အကြောက်တရားတို့ကား တဖြည်းဖြည်းကြီးမားလာပါသည်။

မယ်တော့်အားအကြောက်လွန်ပြီး မေ့မြောသွားသည်မို့ ဘာဆက်ဖြစ်သွားလဲမသိသောရှဲ့ရန်ခန်းခမျာ ခမည်းတော်ကသူ့အား စွန့်ပစ်သွားမည်ကို စိုးထိတ်နေရှာသည်။

"အာ့!"

အဆောင်ထဲမှအလျင်စလို​ ပြေးထွက်လာသည်မို့ တံခါးဘောင်အား သတိမမူမိပဲ ချော်လဲသွားသော ရှဲ့ရန်ခန်းကြောင့် အခန်းရှေ့တွင်စောင့်နေကြသော အပျိုတော်နှင့် အထိန်းတော်တို့မှာ ပြာယာခတ်ကုန်ကြသည်။

You've reached the end of published parts.

⏰ Last updated: Oct 06, 2023 ⏰

Add this story to your Library to get notified about new parts!

Rebounding System (Vol_1)Where stories live. Discover now