Best of Lucky
....26....
.
ရန်ကုန် ပဲခူး ကားလမ်းမကြီးတစ်လျှောက် ဘာစကားမှမပြောဖြစ်ပဲ ဘေးဘီပတ်ဝန်းကျင်ကို ငေးရင်းမောရင်း လိုက်ပါလာသည်။ အမှန်ပြောရရင် ဒီဒီ ပဲခူးဖက် တစ်ခါမှ မရောက်ဖူးသေးပါ။ သွားမယ်လုပ်တိုင်း တစ်ခုခုကြောင့် လွဲချော်ရစမြဲ။
"ဆရာမကြီး ငြိမ်လှချည်လား "
"မငြိမ်ပဲနဲ့ က နေရမှာလား "
ဒီကလေးတစ်ယောက်က ဆု ကို ဘာမကြည်ဖြစ်နေပါလိမ့်။ ခုလဲ ကြည့်ဦး။ တစ်လမ်းလုံးကားမောင်းလာနေတာကို စကားပြောပေးဖော်မရ။ မနေ့ညကလဲ ဆု အိပ်မရခဲ့။ အိမ်ခန်းမှာ အမွန်တို့ အုပ်စုတွေနဲ့ စကားလက်ဆုံကျနေမိတာကို။ အမ်း....ဆု ရွာကနေ ထွက်လာတာ အတော်ကြာနေပြီဆိုတော့....
အမွန်ကတော့ သူမှားခဲ့တာတွေတွက်ကို အကြေအလည်တောင်းပန်နေရှာတာ...သူဘာပဲလုပ်ခဲ့လုပ်ခဲ့ ဆုက ညီမအရင်းလေးလို တကယ်လဲညီမမို့လို့ပါလေ...အပြစ်မယူခဲ့ အမှားမြင်လို့ အမှန်ပြင်ပေးခဲ့တာလေ....
ထွေးငယ်ကတော့ သူ့ဆရာမလေးကို အရမ်းတွေတွေ့ချင်နေပါသတဲ့..
"ကလေး...ဗိုက်ဆာနေပြီလား"
"မဆာသေးဘူး"
မဆာသေးဘူးဆိုပေမယ့်လဲ မေးရတဲ့ ဆုက ဆာနေပြီလေ...မနက်စာမစားပဲ အိပ်ယာထနောက်ကျသူဆိုတော့ နိုင် လာခေါ်တာနဲ့ စောင့်ခိုင်းရမှာ အားနာလို့ မျက်နှာသစ်သွားတိုက်ပြီး တန်းလိုက်လာရတာလေ...အဝတ်အစားပင်မလဲခဲ့တာမို့ နိုင့်အဝတ်အစားတွေနဲ့ ဖြစ်နေခဲ့တာ။
လမ်းဘေးက အတန့်အသင့် လှပသေသပ်သော ပုံစံမျိုးဖြင့် ဆိုင်လေးတစ်ဆိုင်တွေ့တော့ ကားရပ်လိုက်သည်။
"ဘာလုပ်မို့လဲ"
"နေ့လည်စာ စားရအောင်လေ"
"ကျမ မဆာသေးဘူး"
"ကိုယ်ဆာနေပြီ အချိန်လဲကြည့်ဦး ဆယ့်တစ်ခွဲတော့ မယ်"
"ဘာပဲဖြစ်ဖြစ် ကျမ ဒီဆိုင်မှာ မစားချင်ဘူး"
ထိုင်ခုံခါးပတ်လေးဖြုတ်ပြီး ကားတံခါးဖွင့်ဖို့ လက်လှမ်းရွယ်ရုံရှိသေး ဆရာမကြီး တားမြစ်သံကြောင့် လက်ပြန်ရုတ်လိုက်ရသည်။