နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သားနဲ့မောင့်ကိုကြည့်ပြီသက်ပြင်းချည်းလှိမ့်ချနေမိတယ်.။အိပ်လို့မပျော်ပါနေရာပြောင်းအိပ်ရလို့အိပ်မပျော်ဖြစ်နေသည်လေ။
လွန်ခဲ့သည့်၆နှစ်လောက်ကကိစ္စတစ်ချို့ကိုပြန်တွေးနေမိတယ်။သူဘယ်လောက်ထိဆိုးလိုက်သလဲ။လင်ဖြစ်သူအပေါ်အရွဲ့တိုက်ခြင်းဆိုးခြင်းအသုံးအဖြုန်းကြီးခြင်းတွေကိုပြန်စဉ်းစားမိရင်းအတော်လေးကိုစိတ်မသက်သာစရာဖြစ်နေရတယ်။ရန်ဖြစ်ပြီအိမ်ပြန်ရောက်တိုင်းခေါင်းအစခြေအဆုံးကြည့်ပြီကိုယ်ပေါ်မှာဒဏ်ရာလေးတွေတွေ့မိပါကမျက်မှောင်ကုတ်ပြီကြည့်တတ်သည့်မောင့်အကြည့်တွေကိုယ်ပေါ်မှာဒဏ်ရာရှိမနေပါကသူ့နဲ့မဆိုင်သလိုပဲလှည့်ထွက်သွားတတ်သေးသည်။မောင်ကသူ့ကိုချစ်နေမယ်လို့ထင်မထားခဲ့ဘူး။မိဘတွေပေးစားလို့ယူခဲ့ရတဲ့အတွက်ဆိုးချင်တိုင်းဆိုးနေတဲ့သူ့ကိုကိုယ့်နဲ့မဆိုင်တဲ့သဘောဖြင့်လွှတ်ထားတယ်လို့ထင်ခဲ့တယ်။ ရန်ဖြစ်လို့ကိုယ်ပေါ်တွင်ဒဏ်ရာတွေ့ပါကဆူဟောက်တာကြောင့်သည်းမခံနိုင်ပဲကွာရှင်းဖို့အမြဲပြောတတ်သေးတယ်။အဲ့လိုပြောတိုင်းစူးရှတဲ့အကြည့်နဲ့ကြည့်ခံရပြီမောင်ကဆူဟောက်တာတွေတိတ်သွားတတ်သည်။သူ့ရဲ့ဆိုးသွမ်းတဲ့အကျင့်စရိုက်အပြောအဆိုမတတ်မှုတွေကြောင့်မောင်ဘယ်လောက်တောင်ခံစားရပြီစိတ်ဒုက္ခရောက်နေမလဲဆိုတာမတွေးပေးမိဘူး။မောင့်လိုချစ်တတ်တဲ့လူမျိုးနဲ့ညားလို့သာပေါ့တခြားသူတွေသာဆိုသူ့ကိုပစ်သွားလောက်ပြီ။
အတွေးထဲနှစ်မျှောနေရင်းမျက်လုံးလေးတွေမှေးဆင်းလာတော့သည်။
မကြာခင်ရှောင်းကျန့်လဲအိပ်ပျော်သွားတော့သည်။တစ်ခန်းလုံးလဲမီးလင်းနေကာတိတ်ဆိတ်နေတော့သည်။
-------
ကျစ်ကျစ်တောက်ပူနေသည့်ခြံထဲတွင်ပန်းပင်တွေကိုရေလောင်းနေသည့်ရှောင်းကျန့်.."အချစ်ရေ.....ဘယ်မှာလဲကွာ."
အိမ်ထဲမှာရှိနေတဲ့မောင်ကရှောင်းကျန့်ကိုမမြင်လို့အော်ခေါ်နေသည်။
"မောင်..ငါခြံထဲမှာ."
"ကျစ်!.ဒီလောက်နေပူနေတာကိုကွာအိမ်ထဲပြန်ဝင်ခဲ့."
BẠN ĐANG ĐỌC
/ေမာင့္ရဲ႕အမ်ိဳးသားငယ္//မောင့်ရဲ့အမျိုးသားငယ်/(Completed)
FanfictionYizhan💚❤ Wang Yibo ×Xiao zhan M-Preg 💁🔞💁