29''

3.7K 191 3
                                    

အိမ်တံခါးမကြီးရှေ့ရပ်နေသည့်ရှောင်းကျန့်က..ကျောပိုးအိတ်လေးတစ်လုံးနဲ့ထွက်သွားတဲ့ရှန်ထင်ကိုလက်ဝှေ့ရမ်းပြလေသည်.။

”နောက်ဆုံးတော့ ရှန်ထင်လေးတစ်ယောက် မြွေဆိုးကြီးလက်ထဲကလွှတ်သွားပြီးပေါ့..”

မြွေဆိုး.ဆိုတာ Ayariကိုဆိုလိုခြင်းဖြစ်သည်။
ကျောတွင်မြွေပုံ Tattoo ထိုးထားတာကိုရှောင်းကျန့်ကအမှတ်မထင်မြင်လိုက်ရသည်လေ။

ပိတိဖြစ်နေတဲ့ရှောင်းကျန့်ကိုအပေါ်ထပ်ကနေဆင်းလာတဲ့Ayariကမိုးပေါ်ထောင်နေသည့်ဆံပင်ကိုဖိချပြီ
”ရှောင်ရှောင်းမနက်အစောကြီးအိမ်တံခါးရှေ့ဘာရပ်လုပ်နေတာလဲ”

အဟွတ် ကိုယ်တော်လေးနိုးလာပြီပဲ တော်သေးလို့ရှန်ထင်ခြံထဲကထွက်သွားလို့ပေါ့။
”ငါက လေကောင်းလေသန့်ရှူဖို့ခြံထဲလမ်းလျှောက်ထွက်တာလေ အခုပဲအိမ်ထဲပြန်ရောက်တာ မနက်စာသွားစားတော့လေ”

ပြုံးစိစိနဲ့ရှောင်းကျန့်ကိုကြည့်ပြီAyariစိတ်ခုလာသည်။ တစ်ခုခုကြံစည်နေတဲ့ပုံပဲ၊မနက်စာတောင်ခေါ်ကျွေးနေတယ်ဆိုတော့လေ။

”ဒါနဲ့ ဝမ်ဝမ်နဲ့သူ့Daddyကော”

”မောင်ကဝမ်ဝမ်ကိုကျောင်းသွားပို့တယ်.စကားများမနေနဲ့ဗိုက်ဆာရောပေါ့လာပါမနက်စာစားလိုက်”

လက်မှောင်းကိုအတင်းလာဆွဲပြီမီးဖိုချောင်ထဲခေါ်သွားတဲ့ရှောင်းကျန့်ပင်။

နှုတ်ခမ်းကိုက်ခံရသည့်ရှန်ထင်တစ်ယောက်Ayariကိုကြောက်ပြီနယ်ပြန်မယ်ချည်းပြောနေတာကြောင့်ပြန်ခွင့်ပေးလိုက်ရလေသည်။

ခုံတွင်ဝင်ထိုင်ပြီဟိုကြည့်ဒီကြည့်ဖြင့်”ရှောင်ရှောင်း ရှန်ရှန်ကိုလဲမတွေ့ပါလား”

”အာ ငါသူ့ကိုပစ္စည်းတစ်ခုသွားဝယ်ခိုင်းထားတယ်လေ ”

”ရှောင်ရှောင်း သူ့ကို်လုပ်သိပ်မခိုင်းနဲ့နော် နုနုနယ်နယ်ကလေးလေးပွန်းပဲ့ကုန်မဖြင့် ဒီကောင်ရင်ကွဲသေလောက်တယ်ရယ်”
အမလေးယုံပေးလိုက်ပါ့မယ်..ဂျပန်ကောင်ရယ်.

”အေးအေးစကားမများနဲ့အစားကိုသာစားစမ်းပါ”

ပေါင်မုန့်တစ်ခုကိုကိုင်ပြီAyariရဲ့ပါးစပ်ထဲထည့်ပေးလိုက်သည်။

/ေမာင့္ရဲ႕အမ်ိဳးသားငယ္//မောင့်ရဲ့အမျိုးသားငယ်/(Completed) حيث تعيش القصص. اكتشف الآن